DVB Logo
Home
အားကစား
လန်းစ်နည်းပြ ပီယာဆေ့ချ်နှင့် ခရစ္စတယ်ပဲလေ့စ် ဆွေးနွေး
DVB
·
June 1, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်သူ ဘုန်းမောက်နည်းပြဟောင်း အန်ဒိုနီအီရာအိုလာ တယောက် လီဗာပူးအသင်းဆီ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်တဲ့အတွက် ပြင်သစ်ကလပ် လန်းစ်အသင်းရဲ့ နည်းပြပီယာဆေ့ဂျ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးနေပါတယ်။

အသက် ၄၇ နှစ်အရွယ် ပီယာဆေ့ဂျ်ဟာ ပြီးခဲ့တဲ့ရာသီက လန်းစ်အသင်းကို ပြင်သစ်ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ပီအက်စ်ဂျီကိုပါ အကောင်းဆုံး ဖိအားပေးနိုင်ခဲ့လို့ ဥရောပကလပ်တချို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားသူ ဖြစ်ပါတယ်။

ပဲလေ့စ်အသင်းဟာ နည်းပြ အိုလီဗာဂလတ်စနာရဲ့ နေရာမှာ အစားထိုးဖို့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ အီရာအိုလာကို အဓိကလိုချင်ခဲ့ပေမဲ့ လက်ရှိမှာ လီဗာပူးဘက်က ကြားဖြတ်ခေါ်ယူဖို့ ရှိနေတာကြောင့် ပီယာဆေ့ဂျ်နဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဆွေးနွေးမှုတွေ အရှိန်မြှင့် ပြုလုပ်ခဲ့တာပါ။

ပဲလေ့စ်အသင်းရဲ့ စာရင်းထဲမှာ ဖရန့်လမ်းပတ်၊ သောမတ်စ်ဖရန့်ခ်နဲ့ ရှောင်ဒိုက်တို့လည်း ပါဝင်နေပြီး ကိုဗင်ထရီအသင်းကို ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ပေးခဲ့တဲ့ လမ်းပတ်ကို ခေါ်ယူဖို့လည်း ရေပန်းစားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013