DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းလစာများ ယခုလ စတင်တိုးမြှင့်ပေးရန် အမိန့်ထုတ်ပြန်
DVB
·
April 29, 2018
ဝန်ထမ်းလစာများ ယခုလ စတင်တိုးမြှင့်ပေးရန် အမိန့်ထုတ်ပြန်
Donate to DVB

ဝန်ထမ်းတွေအတွက် တိုးမြှင့်ပေးလိုက်တဲ့ လစာနှုန်းကို ဧပြီလအတွက် လစာက စပြီး ပေးဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးက ဒီနေ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော် ကြည်း၊ ရေ၊ လေတပ်မတော်သားတွေ အပါအဝင် နိုင်ငံ့ဝန်ထမ်းတွေအားလုံးကို တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။

လစာနှုန်း ၁၂၀၀၀၀ ကျပ်ကနေ  ၂၁၀၀၀၀ အထိရရှိကြတဲ့ အမှုထမ်းတွေကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တာကြောင့် ၁၄၄၀၀၀ ကနေ ၂၅၂၀၀၀ ကျပ်အထိ ရကြမှာပါ။ လစာနှုန်း ၂၅၀၀၀၀ ကနေ ၅၀၀၀၀၀ အထိ ရကြတဲ့ အရာထမ်းတွေကို ၁၀ ရာခိုင်နှုန်းတိုးမြှင့်လိုက်လို့ လစာအသစ်က ၂၇၅၀၀၀ ကနေ ၅၅၀၀၀၀ ကျပ်အထိ ဖြစ်လာပါတယ်။

လစာတိုးလိုက်လို့ နှစ်တိုးနှုန်း ကျရောက်တဲ့နေ့ မပြောင်းလဲရဘူးလို့ ဝန်ကြီးရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

ပြီးတော့ အငြိမ်းစားဝန်ထမ်းတွေရဲ့ လစာ၊ ဌာနတွေမှာ ခန့်ထားတဲ့ ဝန်ထမ်းတွေရဲ့ ပုံသေလစာ၊ ကျွမ်းကျင်သူတွေအတွက် ထောက်ပံ့ငွေ၊ ပညာရှင်တွေအတွက် ချီးမြှင့်ငွေတွေကိုတော့ သုံးသပ် တွက်ချက်ပြီး သီးခြားထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ဒေသစရိတ်ကိုတော့ တိုးမြှင့်တဲ့ လစာနှုန်းထားအတိုင်း တိုးပေးမှာ ဖြစ်ပါတယ်။

အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က “ပုံသေလစာဆိုတာက ဌာနတွေမှာ ခန့်ထားတဲ့ လုံခြုံရေးလို၊ သန့်ရှင်းရေးလို ဝန်ထမ်းတွေ အတွက်ပေးတာကို ပြောတာပါ။ သူတို့ကိုကျတော့ ပုံစေလစာပဲ ပေးတာလေ။ ဒေသစရိတ်ကတော့ ဒေသအပေါ် မူတည်ပါတယ်။ သူတို့ဘယ်လောက်ရနေလဲ ဆိုတဲ့ အပေါ်မူတည်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံခြားမှာ တာဝန်ထမ်းဆောင်နေသူတွေကိုတော့ ပြည်ပမှာနေစဉ်အတွင်း လက်ရှိလစာကိုပဲ နိုင်ငံခြားငွေနဲ့ ရမှာဖြစ်ပြီး ပြည်တွင်းကိုရောက်လာရင် လစာနှုန်းသစ်နဲ့ ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

တပ်မတော် ကြည်း၊ ရေ၊ လေ ဝန်ထမ်းတွေအတွက် သတ်မှတ်ထားတဲ့ လစာနဲ့ စရိတ် နှုန်းထားတွေနဲ့ ခွင့်ပြုပေးနိုင်မယ့် အငြိမ်းစား လစာ၊ ဆုကြေးဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ကောင်စီကို တင်ပြပြီး အတည်ပြုချက်ရယူရမယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013