DVB Logo
Home
မြန်မာသတင်း
အာဏာရ အန်အယ်လ်ဒီ မူဝါဒများ အကုန်ပြောင်းလဲဟု နိုင်ငံရေးလေ့လာသူများ ဝေဖန်
DVB
·
April 29, 2018
အာဏာရ အန်အယ်လ်ဒီ မူဝါဒများ အကုန်ပြောင်းလဲဟု နိုင်ငံရေးလေ့လာသူများ ဝေဖန်
Donate to DVB

 

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုက မဲပေးရွေးချယ်ပြီး အစိုးရဖြစ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အရင်အာဏာမရှိခင်က ပြောဆိုခဲ့တဲ့ မူဝါဒတွေ၊ ယုံကြည်ချက်တွေဟာ အာဏာရပြီးချိန်မှာ အကုန်ပြောင်းလဲသွားပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။

ရန်ကုန်မြို့ မီလီယာဟိုတယ်မှာ ဧပြီ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ အနာဂတ်နိုင်ငံတော် တည်ဆောက်ခြင်း ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ အခုလို ဝေဖန်ခဲ့ကြတာပါ။

ရှမ်းတိုင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “အဓိကအချက်ကတော့ အတိုက်အခံဘ၀တုန်းက ပြောခဲ့တဲ့ စကားတွေ၊ မူဝါဒတွေ၊ ကတိက၀တ်တွေဟာ အစိုးရဖြစ်လာတဲ့အခါမှာ စွန့်လွတ်ပစ်တဲ့ ကိစ္စပဲ။ ကျနော်တို့ ဖြစ်စေချင်တာက ကုလားထိုင်ဘယ်လောက်ပဲပြောင်းပြောင်း၊ ကိုယ့်အနေအထားဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ့်ယုံကြည်ချက်အတိုင်းသာ ရှိစေချင်တာ” လို့ ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ဗဟိုချုပ်ကိုင်မှုတွေများနေပြီး နောက်ပြန်ဆွဲနေတဲ့ အခြေအနေရောက်နေတယ်လို့  နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမင်းဇင်က ပြောပါတယ်။

“ဒီနေ့ခေတ်က ဘာနဲ့တူသလဲဆိုတော့ အရင်မဆလခေတ်နဲ့တူတယ်။ ဗဟိုချုပ်ကိုင်မှုက အရမ်းများနေတယ်။ နိုင်ငံရေးမှာ၊ စီးပွားရေးမှာ၊ ငြိမ်းချမ်းရေးမှာကော ရခိုင်ကိစ္စမှာပါ နေရာတိုင်းမှာ ဗဟိုချုပ်ကိုင်မှုက အရမ်းများနေတယ်။ ဗဟိုချုပ်ကိုင်မှုကို အင်စတီကျူးရှင်းအနေနဲ့ မဟုတ်ဘဲ လူပုဂ္ဂိုလ်တဦးတစ်ယောက်ကလုပ်တဲ့ ဗဟိုချုပ်ကိုင်မှုဖြစ်တာကြောင့် ဒီနေ့ခေတ်အနေအထားက စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။

အနာဂတ်နိုင်ငံတော် တည်ဆောက်ခြင်း ဆွေးနွေးပွဲကို စည်းလုံးညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နဲ့ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့တို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ၇ ဦးက ဆွေးနွေးခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013