
အမရပူမြို့နယ်မှာ သမိုင်းဝင် ရွှေကြက်ယက်ဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဒီနေ့ ကျင်းပခဲ့ပြီး ရှေးရိုးစဉ်မပျက် ပုဂံဝင်း၊ ရတနာပုံဝင်း၊ ရှေ့ဝင်းနောက်ဝင်းတွေနဲ့ လှည့်လည်ပူဇော်ခံနေပါတယ်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ကျေးရွာ ၁၅ ရွာက စည်းစည်းလုံးလုံးနဲ့ သမိုင်းဝင် ရွှေကြက်ယက်ဘုရား ညောင်ရေသွန်းပွဲတော်ကို ရှေးရိုးစဉ်မပျက် ပုဂံဝင်း ရတနာပုံဝင်း ရှေ့ဝင်းနောက်ဝင်းတွေနဲ့ ခင်းကျင်းပြီး လှည့်လည်ခဲ့တာပါ။
ရှေးယခင် ဘိုးဘွားမိဘတွေ အဆက်ဆက်က ဘုရားရှင်အမှီပြုပြီး ပွင့်ထွန်းပေါ်ပေါက်ရာ မဟာဗောဓိညောင်ပင်ကို ရည်စူးပြီး ဂိမ္မာန်တ နွေရာသီရဲ့ ပူပြင်းမှုဘေးဒဏ်မှကာကွယ်ဖို့ အေးမြသောရေချမ်းများနဲ့ ညောင်ရေသွန်းလောင်လှူပူဇော်ခဲ့ကြပါတယ်။
နှစ်ပေါင်းရာချီရှိနေတဲ့ သမိုင်းဝင် ရွှေကြက်ယက် ရွှေကြက်ကျ ဆုတောင်းပြည့်ဘုရားစေတီတော်ကို ကဆုန်လဆန်း ၁၄ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ နှစ်စဉ်စည်ကားသိုက်မြိုက်စွာနဲ့ မဲကျရာ အမှတ်စဉ် ၁ ကနေ ဦးဆောင်ပြီး မဟာဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်းလှူပွဲ ကျင်းပလေ့ရှိပါတယ်။
ကဆုန်လပြည့်နေ့ မဟာဗောဓိပင်ညောင်ရေသွန်းလောင်းလှူပွဲတွေကို မန္တလေးမြို့ တန်ခိုးကြီးဘုရားတွေမှာလည်း ကျင်းပနေကြပါတယ်။
သမိုင်းဝင် ရွှေကြက်ယက်ဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ ၀န်ကြီးတွေအပါအ၀င် ကျေးရွာ ၁၅ ရွာက ပြည်သူတွေ ဆင်နွှဲခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ-အောင်အောင်










