DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းရေလုပ်သားတို့၏ ကလေးများ ပညာသင်ရေး ကျောင်းဆောင် အခက်ခဲဖြစ်နေ
DVB
·
April 29, 2018
ရွှေ့ပြောင်းရေလုပ်သားတို့၏ ကလေးများ ပညာသင်ရေး ကျောင်းဆောင် အခက်ခဲဖြစ်နေ
Donate to DVB

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရဲနွယ်ဆည်အတွင်းမှာ ဝမ်းစာရေးအတွက် ငါးလာရောက် ရှာဖွေလုပ်ကိုင်နေကြတဲ့ ပြည်တွင်းရွှေ့ပြောင်းရေလုပ်သားတွေရဲ့ သားသမီးတွေအတွက် စာသင်ကျောင်းဆောင် အဆောက်အဦ အခက်အခဲ ဖြစ်နေပါတယ်။

ယခင်နေရတဲ့ နေရာတွေက ရဲနွယ်ဆည်က ရေလှောင်တမံ အပြည့်အဝ ပိတ်ချိန်နဲ့ မိုးတွင်း ရောက်တဲ့အခါ တဖြည်းဖြည်းရေလှိုက်စားပြီး မြေနိမ့်လာတဲ့အတွက် ရေလွှမ်းလာတယ်။

နောက် ငါး ရရှိတဲ့နေရာ လိုက်လံပြောင်းရွှေ့နေရတာကြောင့် အခုလို နေရာတွေ ရွှေ့ပြောင်းနေရတယ်လို့ ချောင်းဂွ ကျေးရွာနေ ဦးဆန်းအောင်က ပြောပါတယ်။

ရွှေ့ပြောင်းရေလုပ်သားအများစုက ဧရာဝတီတိုင်းဘက်မှ ဖြစ်ပါတယ်။ ဒီရေလုပ်သားတွေရဲ့ သားသမီးတွေအတွက် ၂၀၁၅ ခုနှစ်ကနေစပြီး ပညာရေး အဆက်မပျက် သင်ကြားမှုဖြစ်စေဖို့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းလေးကို စတင် တည်ထောင်သက်ကြားစေခဲ့ပါတယ်။

နောက်နှစ်တွေကစပြီး ကျောက်တံခါးမြို့နယ် ပညာရေးဌာနနဲ့ချိတ်ဆက်ပြီး မူလတန်း ကျောင်းခွဲအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါတယ်။

ချောင်းဂကျေးရွာက ရဲနွယ်ရေတမံကနေ စက်လှေ ၁ နာရီကျော် စီးရတာကြောင့် အစိုးရ မူလတန်းကျောင်းတွေနဲ့ အလွန်ဝေးကွာပါတယ်။

ချောင်းဂွကျေးရွာမှာ အိမ်ထောင်စု ၃၀ ကျော်ရှိပြီး ကျေးရွာ ကလေးတွေအပြင် အနီးအနား တဲစုလေးတွေကပါ လာသင်ကြားကြတာကြောင့် စာသင်ကျောင်းတက်ရောက်သူ သူငယ်တန်းမှ တတိယတန်းအထိ ကျောင်းသားသူ အယောက် ၅၀ ကျော်ရှိပါတယ်။ ဆရာနှစ်ဦးကို နှစ်စဉ် ငှားရမ်း သင်ကြားနေရပါတယ်။

ကျေးရွာသူအများစုက ငွေကြေးအဆင်မပြေကြသူတွေ ဖြစ်တာကြောင့် အလှူရှင်တွေနဲ့ဆောက်ထားတဲ့ ဆောက်လက်စ စာသင်ကျောင်းလေးက အခု ပြောင်းရွှေ့ရမှာ ဖြစ်တဲ့အတွက် ကျောင်းအဆောက်အဦ ပြန်လည်ပြောင်းရွှေ့ဆောက်လုပ်ရေးအတွက် အခက်အခဲဖြစ်နေကြတာပါ။

ဗိုလ်သူရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013