DVB Logo
Home
မြန်မာသတင်း
၁၆ လအတွင်း ရဲအရာရှိနှင့်တပ်သား ၉၀ ကျော် နုတ်ထွက်ခဲ့
DVB
·
April 28, 2018
၁၆ လအတွင်း ရဲအရာရှိနှင့်တပ်သား ၉၀ ကျော် နုတ်ထွက်ခဲ့
Donate to DVB

ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ကနေ ပြီးခဲ့တဲ့နှစ်ကနေ အခုအချိန်အထိ အရာရှိနဲ့ တပ်သားပေါင်း ၉၀ ကျော် နုတ်ထွက်ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရွှေတံခါးမှူးချစ်သူ မီဒီယာစာမျက်နှာဆိုတဲ့ လူမှုကွန်ရက်မှာ လုပ်သက် ၅ နှစ်ပြည့်ပေမယ့် နုတ်ထွက်ခွင့်မရတာ၊ ထွက်ချင်ရင် တပ်သားသစ်စုဆောင်းပေးရမယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးက ညွှန်ကြားထားတဲ့အကြောင်း ဖော်ပြထားတာကို ဖြေရှင်းလိုက်တာပါ။

၂၀၁၇ ခုနှစ်အတွင်း အရာရှိ ၅ ယောက်၊ တခြားအဆင့် ၆၁ ယောက်၊ စုစုပေါင်း ၆၆ ယောက်ကို နုတ်ထွက်ခွင့်ပေးခဲ့သလို ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ တခြားအဆင့် ၂၆ ယောက်ကို နုတ်ထွက်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း ရဲတပ်ဖွဲ့အနေနဲ့ နုတ်ထွက်ခွင့်တောင်းလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခြွင်းချက် ကန့်သတ်ချက်တွေ မရှိဘဲ လက်ခံပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကို တင်ပြပေးနေတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က နုတ်ထွက်လိုတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ တပ်သားသစ်တယောက် စုဆောင်းရမှ နုတ်ထွက်ခွင့်ရမယ်လို့ ညွှန်ကြားထားတာ မရှိဘူးလို့ ဆိုပါတယ်။

နုတ်ထွက်ခွင့်တင်ပြတာတွေကို အချိန်နဲ့ တပြေးညီ တိုင်းရဲတပ်ဖွဲ့မှူးကို တင်ပြပြီး အဲဒီကတဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ကို ဆက်လက်တင်ပြတယ်လို့ ဆိုပါတယ်။ နုတ်ထွက်ခွင့် ရောက်လာရင်လည်း အချိန်နဲ့ တပြေးညီ  သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့တွေကို ထပ်ဆင့်မိန့် ထုတ်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013