DVB Logo
Home
မြန်မာသတင်း
ကြက်​သွန်​နီ​ဈေးနှုန်းများ ဆက်​တိုက်​ကျဆင်း​နေ၍ ​တောင်​သူများ အရှုံး​ပေါ်
DVB
·
April 28, 2018
ကြက်​သွန်​နီ​ဈေးနှုန်းများ ဆက်​တိုက်​ကျဆင်း​နေ၍ ​တောင်​သူများ အရှုံး​ပေါ်
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်ရဲ့ အဓိက ထွက်​ကုန်​ထဲမှာပါဝင်​တဲ့ ကြက်​သွန်​နီ​ဟာ တပတ်​အတွင်းမှာ ​ဈေးနှုန်း ဆက်​တိုက်​ကျဆင်း​နေတာ​ကြောင့် ကြက်​သွန်​စိုက်​​တောင်​သူ​တွေ အရှုံး​ပေါ်​နေကြတယ်လို့ သိရပါတယ်။

မြင်းခြံ ​ရွှေဒင်္ဂါ ကြက်​သွန်​ပွဲရုံမှ ကို​ကျော်​ဇင်​ဝင်းက "ခုတပတ်​အတွင်းမှာ ကြက်​သွန်​နီ​ဈေးနှုန်း ဆက်​တိုက်​ဆိုသလို ကျဆင်း​နေတယ်​။ အ​ရောင်းအဝယ်​ကလည်း မ​ကောင်းဘူး။ ပြည်​ပ​တွေဖြစ်​တဲ့ ထိုင်း နဲ့ တရုတ်​ဘတ်​ကလည်း အနူတ်​နည်း​နေတယ်​၊ ပြီး​တော့ ရန်​ကုန်​၊ ​မော်​လမြိုင်​ စတဲ့ ​နေရာ​တွေကလည်း အ​ရောင်းအဝယ်​ ​အေး​နေတယ်​။ ရန်​ကုန်​ကလည်း လိုအပ်​သ​လောက်​ပဲ တင်​ခွင့်ပြုတာ။ ကုန်​ချိန်​များပို့ရင်​ လက်​မခံဘူးဆို​တော့ အ​ရောင်းအဝယ်​ ကျဆင်းသွားတာ​ပေါ့။ အဲ့ထက်​ဆိုးတာက ​တောင်​သူ​တွေဘတ်​က လက်​ရှိ​ဈေးနှုန်းနဲ့ မကိုက်​​တော့ အရှုံး​ပေါ်တဲ့ အ​နေအထားမှာ ရှိ​နေတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

ပြီးခဲ့တဲ့နှစ်​က ခုလို ရာသီအချိန်​မှာ ကြက်​သွန်​နီ​ဈေးနှုန်း ၇၀၀ မှ ၈၀၀ ကျပ်​ထိ အ​ရောင်းအဝယ်​ ဖြစ်​ခဲ့တာ​ကြောင့် ​တောင်​သူ​တွေ ထိခိုက်​ဆုံးရှုံးမှု နည်း​ခဲ့တယ်​လို့ သိရပါတယ်​။

ကြက်​သွန်​စိုက်​​တောင်​သူတ​ဦး​က "မနှစ်​က ဒီအချိန်​မှာ ကြက်​သွန်​​ဈေးနှုန်း မဆိုးဘူးလို့ ​ပြောလို့ရတယ်​။ ဒီနှစ်​က ကြက်​သွန်​ စစိုက်​တဲ့အချိန်​က မိုးများတယ်၊​ ပျက်​စီးဆုံးရှုံးမှု​တွေ ရှိခဲ့တယ်​။ အခြား ကုန်​ကျစရိတ်​​တွေကများ​တော့ လက်​ရှိ​ဈေးနှုန်နဲ့က ​တောင်​သူအများစုဟာ အရှုံး​ပေါ်​နေတာ​ပေါ့” လို့ ပြောပါတယ်။

မြင်းခြံ ကုန်​စည်​ဒိုင်​မှာ ​နေ့စဉ်​ ကြက်​သွန်​နီ ကုန်​ချိန်​ ပိဿာ ၁ သိန်းလောက် ဝင်​​ရောက်​နေပြီး၊ ​လှောင်​လက်​စ (အထက်​စ) ဖြစ်​တဲ့ ကံဆင့်နဲ့ တလုတ်​မြို့ စတဲ့​ကျေးရွာက ထွက်​ရှိတဲ့ ကြက်​သွန်​​တွေဟာ  ၁ ပိဿာ ၆၀၀ ကျပ်​ မှ ၆၃၅ ကျပ်​ထိ အ​ရောင်းအဝယ်​ ဖြစ်​ခဲ့ပြီး၊ အခြားနယ်​စုံမှ ထွက်​ရှိတဲ့ ကြက်​သွန်​​ဈေးနှုန်းဟာ ၃၅၀ မှ ၄၀၀ ကျပ်​ထိသာ အ​ရောင်းအဝယ်​ ဖြစ်ခဲ့တယ်​လို့ သိရပါတယ်​။

သတင်း-ရီရီထွန်း ( မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013