DVB Logo
Home
မြန်မာသတင်း
အစိုးရထိပ်ပိုင်းခေါင်းဆောင်များအား အရေးယူပိတ်ဆို့ရန် ကုလကို HRW တိုက်တွန်းမည်
DVB
·
April 28, 2018
အစိုးရထိပ်ပိုင်းခေါင်းဆောင်များအား အရေးယူပိတ်ဆို့ရန် ကုလကို HRW တိုက်တွန်းမည်
Donate to DVB

ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ မြန်မာနိုင်ငံကို မကြာမီလာရောက်မယ့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တိုက်တွန်းသွားမယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ဧပြီ ၂၇ ရက်နေ့ ညနေ ၆ နာရီက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ HRW အမှုဆောင်ညွှန်ကြားရေးမှူး Mr. Kenneth Rothက ပြောဆိုလိုက်တာပါ။

Mr. Kenneth Roth က “ရခိုင်အရေးနဲ့ပတ်သက်ပြီး တာဝန်ယူဖြေရှင်းတဲ့ အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို စီးပွားရေးပိတ်ဆို့ဖို့၊ လက်နက်ဝယ်ယူခွင့် ပိတ်ဖို့တွေကို တိုက်တွန်းသွားမှာပါ။ ဒါတွေဟာ မြန်မာနိုင်ငံအနေနဲ့တော့ သက်ဆိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တင်ဖို့ လုံလောက်တယ်လို့ HRW က စွပ်စွဲပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ဘင်္ဂလာဒေ့ရှ်ဘက်ထွက်ပြေးသွား သူတွေကို NVC ကဒ်ထုတ်ပေးပြီး နိုင်ငံသား ဖြစ်ခွင့်ကနေ ပယ်ဖျက်ဖို့ ကြိုးစားနေတယ်လို့ လဲHRWက ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိမ်းရှောင်နေသူ ၆ သိန်းကျော်ရှိနေပြီ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သွားလာခွင့်၊ စီးပွားရေးလုပ်ကိုင်ခွင့် စတဲ့ အခွင့်အရေးတွေရမှာသာ မြန်မာနိုင်ငံကို ပြန်လာနိုင်မယ်လို့လည်း HRW က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013