DVB Logo
Home
မြန်မာသတင်း
ဦး​ဥာဏ်ဝင်း​ကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က တရား​စွဲထား​သည့်​အမှု စတင်စစ်​ဆေး​မည်
DVB
·
June 14, 2012
ဦး​ဥာဏ်ဝင်း​ကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က တရား​စွဲထား​သည့်​အမှု စတင်စစ်​ဆေး​မည်
Donate to DVB

ပြီး​ခဲ့​တဲ့​ ဧပြီလက ကျင်း​ပခဲ့​တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ပါတီဗဟို​အောင်နိုင်​ရေး ​အဖွဲ့​ဝင်အဖြစ် ​ဆောင်ရွက်ခဲ့​တဲ့​ ဦး​ဥာဏ်ဝင်း​ကို ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က မမှန် သတင်း​ပေး​ပို့​မှုနဲ့​ စွပ်စွဲထား​တဲ့​အမှု စတင်စစ်​ဆေး​ဖို့​ ​နေပြည်​တော်တရား​ရုံး​က ဒီက​နေ့​ရုံး​ချိန်း​ပေး​လိုက် ပါတယ်။

ရွေး​ကောက်ပွဲကာလအတွင်း​ ဆန္ဒမဲလက်မှတ်​တွေမှာ ဖ​ယောင်း​သုတ်မှု​တွေ ရှိ​နေတယ်လို့​ အန်အယ်လ်ဒီရဲ့​ သတင်း​ထုတ်ပြန်ချက်​တွေနဲ့​ စပ်လျဉ်း​ပြီး​ ​ရွေး​ကောက်ပွဲ​ကော်မရှင် ညွှန်ကြား​ ​ရေး​မှူး​ ဦး​သောင်း​လှိုင်က တရား​လိုအဖြစ် တရား​စွဲဆိုလိုက်တာပါ။

[caption id="attachment_23473" align="alignleft" width="232" caption="ဦး​ဥာဏ်ဝင်း"][/caption]

ဦး​သောင်း​လှိုင်က “သတင်း​မှား​ပေး​လိုက်တယ်​ပေါ့​။ သတင်း​မှား​ပေး​လိုက်​တော့​ ​ရွေး​ကောက်ပွဲ အချိန်တုန်း​က ဖ​ယောင်း​သုတ်တယ်၊​ ဖ​ယောင်း​သုတ်တယ်ဆိုပြီး​ ​တော်​တော် ကျယ် ကျယ်ပြန့်​ပြန့်​ကြီး​ ဖြစ်သွား​တာ။ တကယ့်​ဖြစ်ရပ် အမှန်က အဲဒါမဟုတ်ဘူး​လေ။ မဟုတ်ဘူး​ဆို​တော့​ ကျ​နော်တို့​က အဲဒါကို မဟုတ်​ကြောင်း​ ပြန်ရှင်း​ခိုင်း​တာ သူတို့​မရှင်း​လို့​ ကျ​နော်တို့​က တရား​စွဲရတဲ့​ သ​ဘောပါ” လို့​ ​ပြောပါတယ်။

ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ ဖ​ယောင်း​သုတ်မှုဖြစ်စဉ် လုံး​ဝဖြစ်ပွား​ခဲ့​မှု မရှိ​ကြောင်း​ ​ရွေး​​ကောက်ပွဲ​ကော်မရှင် က ပြီးခဲ့​တဲ့​ ​မေလ ၉ ရက်​နေ့​က ​ကြေညာချက်တ​စောင် ထုတ်ပြန်ခဲ့​ပြီး​ ဖြစ်ပါတယ်။

အန်အယ်လ်ဒီ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ဥာဏ်ဝင်း​က​တော့​ “ဖ​ယောင်း​ကိစ္စက အမှန်တကယ်စိုး​ရိမ်စရာ အ​ခြေအ​နေ တခုရှိခဲ့​တယ်။ ကျ​နော်တို့​မှာ သတင်း​တွေရရှိခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ဒီမဲလက် မှတ် ဆိုတာ ဘယ်သူမှကြည့်​ခွင့်​ရှိတာ မဟုတ်ဘူး​ မဲရုံမှူး​ကလွဲရင်။ အဲ​တော့​ ကျ​နော်တို့​က ခိုင်လုံတဲ့​ အ​ထောက်အထား​လုပ်ဖို့​ အချိန်လည်း​ မရသလို ဖြစ်လည်း​ မဖြစ်နိုင်ပါဘူး​” လို့​ ​ပြောပါတယ်။

ဒီ​နေ့​မနက်က ​နေပြည်​တော် ဇမ္ဗူသီရိမြို့​နယ် တရား​ရုံး​မှာ​တော့​ ဒီအမှုနဲ့​ပတ်သက်ပြီး​ အာမခံ ​လျှောက်ထား​တာကို တရား​ရုံး​က အာမခံ​ပေး​လိုက်ပြီဖြစ်​ကြောင်း​နဲ့​ အမှုစစ်​ဆေး​ဖို့​ ရုံး​ချိန်း​ကို​တော့​ လာမယ့်​ ဇွန်လ ၂၆ ရက်​နေ့​ သတ်မှတ်​ပေး​ထား​ တယ်လို့​ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။

ဒီအမှုအတွက် ဦး​ဥာဏ်ဝင်း​ဘက်က ​ရှေ့​နေ​တွေဖြစ်တဲ့​ ဦး​ကျော်ဟိုး​၊​ ​ဒေါ်စန်း​စန်း​မြင့်​၊​ ဦး​ခင်​မောင်​ဇော်တို့​ ၃ ဦး​ ကူညီ​ဆောင်ရွက်​ပေး​နေတယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013