DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် စတင်​အေး​ချမ်း​ပြီဟု နယ်စပ်​ရေး​ရာဝန်ကြီး​ပြော
DVB
·
June 14, 2012
Donate to DVB

ရခိုင်ပြည်နယ်မှာ အ​ခြေအ​နေ​အေး​ချမ်း​စပြု​နေတာ နှစ်ရက်ရှိလာပြီဖြစ်ပြီး​ လုံခြုံ​ရေး​ကို နိုင်နိုင်နင်း​နင်း​ ထိန်း​သိမ်း​ထား​လိုက်နိုင်ပြီလို့​ ရခိုင်ပြည်နယ်အစိုး​ရက ​ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီး​ချုပ်ရုံး​မှာလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ပြည်နယ်နယ်စပ်​ဒေသနဲ့​ လုံခြုံ​ရေး​ဝန်ကြီး​ ဗိုလ်မှူး​ကြီး​ထိန်လင်း​ က ခုလို ​ပြောပါတယ်။

“ဒီ​နေ့​ဆိုရင် မ​နေ့​ကထက် ပိုပြီး​တော့​ အ​ခြေအ​နေ​ကောင်း​လာပြီ။ ဆိုင်ခန်း​များ​လည်း​ ပြန်လည်ဖွင့်​လှစ်သလို ဘဏ်​တွေလည်း​ ပြန်လည်ဖွင့်​လှစ်ပါပြီ။ လုပ်ငန်း​တွေ၊​ အုပ်ချုပ်မှုယန္တရား​လည်း​ လည်ပတ်နိုင်​အောင် ကျ​နော်တို့​ စီမံထား​ပါတယ်။ အ​ခြေအ​နေ အရပ်ရပ်ကိုလည်း​ လက်ရှိထိန်း​သိမ်း​ထား​နိုင်ပြီ ဖြစ်​ကြောင်း​ ကျ​နော် တင်ပြလိုပါတယ်။”

အရင်ကလို ကန့်​သတ်မှု​တွေမရှိဘဲ သတင်း​တွေကို ​ဖြေ​ပေး​နေတာ​ကြောင့်​ သတင်း​မီဒီယာ​တွေကလည်း​ တာဝန်ရှိသူ​တွေကို ​မေး​မြန်း​ထုတ်လွှင့်​သင့်​တယ်လို့​ သူက ​ပြောပါတယ်။

မ​နေ့​ကစပြီး​ ကယ်ဆယ်​ရေး​လုပ်ငန်း​တွေ လုပ်ကိုင်​နေတဲ့​အ​ကြောင်း​နဲ့​ စား​ဖို့​ မရှိဘူး​ဆိုတာ မဟုတ်ဘဲ ​လောက်ငတဲ့​အ​ကြောင်း​ ​ပြောပါတယ်။ တဲ​တွေလည်း​ ​ဆောက်​နေသလို ဆက်လက်​ဆောင်ရွက်သွား​မယ့်​အ​ကြောင်း​ ​ပြောပါတယ်။

လုံခြုံ​ရေး​အား​နည်း​တယ်ဆိုတဲ့​ ​ဝေဖန်​ပြောဆိုချက်​တွေအ​ပေါ် ပယ်ချလိုက်ပြီး​ လုံ​လောက်တဲ့​ လုံခြုံ​ရေး​အင်အား​ရှိပါတယ်လို့​ ဝန်ကြီး​က ရှင်း​ပါတယ်။

ကာလရှည်ကြာ အတူ​နေခဲ့​ပြီး​ အခုဖြစ်ရပ် ဖြစ်တဲ့​အတွက် ​ဒေသခံ​တွေဟာ စိတ်မလုံမခြုံဖြစ်​နေကြတာကို ​တွေ့​ရပြီး​ တဖက်နဲ့​တဖက် ယုံကြည်မှုရလာ​အောင် ဘာသာ​ရေး​ခေါင်း​ဆောင်​တွေ ဝင်​ရောက်​ဆောင်ရွက်မယ့်​ အစီအစဉ်​တွေရှိတယ်လို့​ ဆိုပါတယ်။ မွတ်စလင်ရွာသား​တွေဘက်က ပြန်ပစ်လို့​ တပ်မ​တော်သား​တ​ယောက် ဒဏ်ရာရတယ်ဆိုတဲ့​ သတင်း​ကို သူမကြား​ပါဘူး​လို့​ ဝန်ကြီး​က ​ဖြေပါတယ်။

သူတို့​အ​နေနဲ့​ ဒီဒုက္ခသည်​တွေကို စား​သောက် အသက်ရှင်​နေထိုင်နိုင်ဖို့​၊​ ဒီဒုက္ခသည်​တွေ ယုံကြည်မှုရလာ​အောင် နဲ့​ သံသယ​တွေ ကင်း​စင်​အောင် ကြိုး​ပမ်း​ရမှာ ဖြစ်တယ်လို့​ ရှင်း​ပါတယ်။

ဇွန် ၈ ရက်က​နေ ၁၃ ရက်အတွင်း​ ဖြစ်တဲ့​ပဋိပက္ခမှာ လူ ၂၉ ဦး​သေဆုံး​ခဲ့​ပြီး​ ​နေအိမ် ၂၅၀၀၊​ ဘုန်း​ကြီး​ကျောင်း​ ၉ ​ကျောင်း​၊​ ဗလီ ၇ လုံး​၊​ စာသင်​ကျောင်း​ တ​ကျောင်း​ မီး​လာင်ခဲ့​တယ်လို့​ ရှင်း​သွား​ပါတယ်။

စစ်​တွေမြို့​က ကယ်ဆယ်​ရေး​လုပ်သား​တဦး​ကို ​မေး​ကြည့်​ရာမှာ ဒီက​နေ့​ တဖက်နဲ့​တဖက် တိုက်ခိုက်မှု၊​ မီး​လောင်မှု လုံး​ဝ မကြား​သိရ​တော့​တဲ့​ အ​ကြောင်း​နဲ့​ ၂ ရက်ဆက်တိုက် ရွာတဲ့​မိုး​ဟာ မီး​လောင်မှုကို တား​မြစ်သလိုဖြစ်ခဲ့​ပေမယ့်​ အခုအခါ ရာသီစာ သရက်သီး​တွေကို စား​သောက်ရာက ဒုက္ခသည်​တွေထဲမှာ ဝမ်း​ပျက်ဝမ်း​လျှော အစပြုဖြစ်ပွား​နေပြီး​ အိမ်သာမလုံမ​လောက် ဖြစ်​နေတယ်လို့​ ​ပြောပါတယ်။

ပြည်နယ် နယ်စပ်​ရေး​ရာဝန်ကြီး​က လုံခြုံ​ရေး​အင်အား​ လုံ​လောက်တယ်လို့​ တဖက်က ​ပြော​ပေမယ့်​ နယ်​မြေခံ ရွာသား​တွေက​တော့​ စိုး​ရိမ်စိတ်နဲ့​ အလှည့်​နဲ့​ လုံခြုံ​ရေး​ယူ​နေကြရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013