DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 27, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၁,၈၀၀ ကျပ်  ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၆၀၀ ကျပ် ဈေးပြန်တက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၂၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဘိုကိတ်ပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ ဘိုကိတ်ပဲက တတင်းကို ၁၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၇,၇၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ အောင်လံကုန်စည်ဒိုင်မှာတော့ တတင်းကို ၁၆,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ အောင်လံကုန်စည်ဒိုင် တတင်းကို ၁,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စွန်တာပဲ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စွန်တာပဲက တအိတ်ကို ၆၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၈,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၀,၆၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၇,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ V2
မန္တလေး ကုန်စည်ဒိုင်မှာ ကုလားပဲ V2 က ၇.၂၅ ပိဿာဝင် တအိတ်ကို ၆၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၃,၉၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀  ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီ တပိဿာကို ၄၀၀ ကျပ်ကနေ ၅၃၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၄၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၃၇၅ ကျပ်ကနေ ၆၃၅ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံနီကတော့ သင်္ကြန်မတိုင်မီမှာ ဈေးတက်ခဲ့ပေမယ့် သင်္ကြန်ကာလ ပြီးဆုံးတဲ့အချိန်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။

မတ်ပဲက သင်္ကြန်ကာလအတွင်း ကုန်စည်ဒိုင်တွေ ပိတ်တဲ့အပြင် ပြည်တွင်း ပြည်ပ အရောင်းအဝယ် နည်းသွားတဲ့အတွက် ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ဒေသထွက် ပဲတွေက များပြားနေတဲ့အတွက် တင်ပို့မှုကို ဦးစားမပေးဘဲ ပို့ကုန်ကိုသာ ဦးစားပေးတဲ့အတွက်ကြောင့် မြန်မာမတ်ပဲတွေက အဝယ်နည်းပြီး ဈေးကျခဲ့တာပါ။ သင်္ကြန်ကာလ မတိုင်ခင် တတန်ကို ငွေကျပ် ၄၈၀,၀၀၀ အထိ ဈေးရခဲ့ပေမယ့် သင်္ကြန်ကာလပြီးတဲ့အချိန်မှာတော့ တတန်ကို ငွေကျပ် ၄၂၀,၀၀၀ နီးပါးအထိ တတန်ကို ၆၀,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီကတော့ သင်္ကြန်မတိုင်ခင် အရောင်းအဝယ် သွက်တဲ့အတွက် တတန်ကို ၄ သိန်းကျော်အထိ ဈေးရရှိခဲ့ပေမယ့် သင်္ကြန်ကာလ ပြီးတဲ့အချိန်မှာ ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ မြန်မာပဲစင်းငုံက အိန္ဒိယနိုင်ငံထွက် ပဲစင်းငုံနဲ့ ယှဉ်လိုက်ရင် ဈေးသက်သာတဲ့အတွက် ဝယ်ယူမှုကတော့ ပုံမှန်ရှိပြီး ဈေးအများကြီး ကျဆင်းသွားတာမျိုး မရှိခဲ့ပါဘူး။

သင်္ကြန်ကာလအပြီး ၁၀ ရက်အတွင်း တတန်ကို ၃၀,၀၀၀ ကျပ်ကျော်လောက် ဈေးကျဆင်းသွားခဲ့ပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013