DVB Logo
Home
Lead Story
Infinity War ရုံတင်သည့်နေ့တွင် ပရိသတ်များက အမှတ်တရဝတ်စုံဖြင့် အားပေး(ဓာတ်ပုံ)
DVB
·
April 27, 2018
Infinity War ရုံတင်သည့်နေ့တွင် ပရိသတ်များက အမှတ်တရဝတ်စုံဖြင့် အားပေး(ဓာတ်ပုံ)
1 / 3
Donate to DVB

နာမည်ကြီး Marvel ကောမစ်တွေကို အခြေခံရိုက်ကူးထားတဲ့ ဟောလိဝုဒ်ရုပ်ရှင် Avengers:Infinity War ကို ဒီကနေ့ စတင်ရုံတင်ပြသခဲ့ပြီး ပထမနေ့မှာတင် လာရောက်အားပေးကြတဲ့ အမာခံပရိသတ်တွေရဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။

ဒီပုံတွေကို ရန်ကုန်မြို့မှ နေပြည်တော် ရုပ်ရှင်ရုံရှေ့မှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး ဇာတ်ကားထဲက စူပါဟီးရိုးဇာတ်ကောင် အမှတ်တရ အသုံးအဆောင်၊ ဝတ်စုံတွေနဲ့ အရောင်အသွေးစုံ လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို တွေ့ကြရမှာပါ။

Mingalar Cinemas ရုပ်ရှင်ကုမ္ပဏီရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဒီပုံတွေကို မျှဝေထားခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာ ကြိုက်နှစ်သက်သူ ၁ သောင်း ၈ ထောင်ကျော် ရှိနေခဲ့ပါတယ်။

Avengers:Infinity War ရုပ်ရှင်ကားဟာ မထွက်လာခင်ကတည်းက နာမည်ကြီးနေခဲ့တာ ဖြစ်ပြီး Russo ညီနောင်လို့ လူသိများတဲ့ ဒါရိုက်တာညီအစ်ကို ၂ ဦးဖြစ်တဲ့ Anthony Russo နဲ့ Joe Russo တို့က ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

ဇာတ်ကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြပြီး Hero ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ထားခဲ့ကြတာပါ။

Iron Man ဇာတ်ကောင်နေရာမှာတော့ မင်းသားကြီး Robert Downey Jr. က သရုပ်ဆောင်ထားပြီး မင်းသား Chris Hemsworth ကတော့ လူစွမ်းကောင်း Thor အဖြစ် ပါဝင်ထားပါတယ်။

မင်းသမီးချော Scarlett Johansson ကတော့ Black Widow ဇာတ် ကောင်နေရာကနေ ပါဝင်ထားခဲ့တာဖြစ်ပြီး Captain America အဖြစ် Chris Evans က ပါဝင် သရုပ်ဆောင်ထားခဲ့ကြပါတယ်။

ဒီကားကိုတော့ ဒီကနေ့မှာ နိုင်ငံတကာနဲ့တန်းတူ မင်္ဂလာအုပ်စု ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013