DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် အင်ဂျန်းယန် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
DVB
·
April 27, 2018
တိုက်ပွဲကြောင့် အင်ဂျန်းယန် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
Donate to DVB

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ၁၀၀၀ ကျော် ထွက်ြေ်ပးတိမ်းရှောင်နေရပါတယ်။

ဧပြီ ၂၄ ရက်ကတည်းကစပြီး အင်ဂျန်းယန်မြို့နယ်အတွင်း မြန်မာ့တပ်မတော်ဘက်က  ကေအိုင်အေ တပ်မဟာ-၁ ကို  ထိုးစစ်ဆင် တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် ဒေသတွင်း ကျေးရွာ ၁၀ ရွာလောက်က ရွာသားတွေ မြစ်ဆုံဒေသရှိ တန်ဖဲကျေးရွာဘက်ကို ထွက်ပြေး တိမ်းရှောင်လာကြတာပါ။

အဲဒီမှာ သတင်းသွားရောက်ယူနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သတင်းထောက် ကိုထွယ်အောင်က “မနေ့ညနေက ကျနော်တို့ သွားကြိုတဲ့နေရာရဲ့ ကတိုးဆိပ်ကနေပြီး မြစ်ဆုံမှာရှိတဲ့ ကတ်သလစ်ဘုရားကျောင်းမှာ အကုန်လုံး အယောက် ၁၀၀၀ ကျော် အဲဒီမှာ အရင်ချတယ်။ ဒီမနက်မှ  ကျနော်တို့ နှစ်ခြင်း (KBC)က ကိုယ့်အသင်းသားတွေကို ကျနော်တို့ ဘုရားကျောင်းတွေမှာ ပြန်ခေါ်သွားတယ်”လို့ ပြောပါတယ်။

ဧပြီ ၂၅ ရက် ညနေပိုင်းက ကူလန် ဆိုတဲ့ရွာမှာ အစိုးရတပ်က လေယာဉ်နဲ့ ဗုံးလာကြဲခဲ့လို့ အဲဒီအနီးအနားတဝိုက် ရွာတွေက လူတွေ ထွက်ပြေးလာကြတာဖြစ်ပြီး အသက် ၁၁၄ နှစ်အရွယ်ရှိတဲ့ အဘွားအို အပါအဝင် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

နေရပ်ကို စွန့်ခွာထွက်ပြေးလာတဲ့ အင်ဂျန်းယန် ဒေသခံတွေကို  ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့ (MCC)နဲ့ လူမှုကူညီရေးအဖွဲ့တွေက မနေ့က ဂွေထောင်စက်လှေဆိပ်မှာ သွားရာက် ခေါ်ယူခဲ့ကြပါတယ်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်ဘက်မှာလည်း  အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ရဲ့တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၂၀၀၀ လောက် ပိတ်မိနေဆဲ ဖြစ်ပါတယ်။

Photo : Htoi Awng

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013