DVB Logo
Home
မြန်မာသတင်း
တကျော့ပြန် ရုံတင်နေသည့် “ည” ရုပ်ရှင်ကားမှ ဇာတ်ဝင်သီချင်း-ကျိန်စာ(ရုပ်သံ)
DVB
·
April 27, 2018
တကျော့ပြန် ရုံတင်နေသည့် “ည” ရုပ်ရှင်ကားမှ ဇာတ်ဝင်သီချင်း-ကျိန်စာ(ရုပ်သံ)
Donate to DVB

 

 

 

ပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့ “ည”ရုပ်ရှင်ကားဟာ တကျော့ပြန် ရုံတင်နိုင်ခဲ့ပြီး အဲဒီကားထဲက ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်တဲ့ “ကျိန်စာ” အမည်ရတဲ့ သီချင်းဟာလည်း ရေပန်းစားနေပါတယ်။

ဒီသီချင်းကို Room 502 အဖွဲ့က သီဆိုထားခဲ့တာဖြစ်ပြီး “ည” ရုပ်ရှင်ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် ဧပြီလ ၂၆ ရက်နေ့က ပြန်လည်မျှဝေထားခဲ့တာ ဖြစ်ပါ တယ်။

“ငါ တွေးနေချင်တယ်… ဒီနံရံကြီးရဲ့ အခြားတဖက်မှာ… ငါ့လိုပဲသူ နောက်တယောက် ရှိဦးမလား… ငါ့လိုပဲ သူတယောက်တည်း စိတ်ညစ်နေမှာလား… ငါ့လိုပဲ သူတယောက်တည်း ပျင်းလို့နေမှာလား…”စတဲ့ သီချင်းစာသားတွေနဲ့ သွက်လက်တဲ့ သီဆိုဟန်ကို ဒီသီချင်းထဲမှာ ကြားကြရမှာပါ။

လက်ရှိမှာတော့ ဒီသီချင်းကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သောင်း ၂ ထောင်ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒီကားဟာ စိတ္တဇဆန်ဆန် လျှို့ဝှက်သည်းဖို ရိုက်ကူးထားခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပြီး ဒါရိုက်တာအသစ်၊ သရုပ်ဆောင်အသစ်တွေနဲ့ ထူးထူးခြားခြား ရိုက်ကူးထားခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။

လူငယ်ဒါရိုက်တာ ထူးပိုင်ဇာ်ဦး ရိုက်ကူးတဲ့ “ည” ရုပ်ရှင်ကားထဲမှာ သရုပ်ဆောင်တွေကတော့ ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ ငြိမ်းသော်၊ နက်ရှိုင်းကို၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူးမောင်၊ နန်းခေးမိုနဲ့ မြတ်နိုးအေးတို့က ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကားကို မနှစ်က အကယ်ဒမီဆုပေးပွဲမှာ ဆုတဆုဆုတော့ ရလိမ့်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပေမယ့် ဆုတဆုမှ မရရှိခဲ့ပါဘူး။

ဒါပေမယ့် ပရိသတ်တွေ လက်ခံအားပေးမှုနဲ့ ရှေ့ဆက်နိုင်ခဲ့ပြီး တကျော့ပြန် ရုံတင်ပြသနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013