DVB Logo
Home
မြန်မာသတင်း
မဟာချိုင်တွင် မြန်မာအလုပ်သမား ၄ ဦး ပစ္စည်းခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရ
DVB
·
April 27, 2018
မဟာချိုင်တွင် မြန်မာအလုပ်သမား ၄ ဦး ပစ္စည်းခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်ရှိ အထည်ချုပ်စက်ရုံတရုံမှာ မြန်မာ အလုပ်သမား ၄ ဦး အထည်ခိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရပါတယ်။

သူတို့ ၄ ဦးမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ပါဝင်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့က ဂျင်းဘောင်းဘီဆယ်ထည်ပါ အထုတ်တထုတ် ခိုးယူတယ်လို့ စက်ရုံပိုင်ရှင်က စွပ်စွဲခဲ့ကြောင်း၊ ဒါပေမယ့် ခိုးယူကြောင်း အထောက်အထား တစုံတရာမရှိသလို၊ ၄ ဦးထဲက ၁ ဦးမှာလည်း စက်ရုံမှာ ရှိမနေဘဲနဲ့ အဖမ်းခံရတာလို့ အေအေစီအလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာ မိတ်အဖွဲ့ (ယာယီဖျက်သိမ်း)မှ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ မခိုးရဘဲနဲ့ ခိုးတယ်လို့ စွပ်စွဲခံရတဲ့အကြောင်း အဲဒီနေ့ကပဲ ကျနော်တို့ကို လာတိုင်ထားပါတယ်ခင်ဗျ။ သူတို့ခိုးနေတဲ့ အထောက်အထား စီစီကင်မရာတွေလည်း မပြနိုင်ဘူး။ အဲဒီထဲက ကောင်လေးတယောက်ဆို စက်ရုံထဲတောင် မဝင်ဖူးဘူး၊ ဒါပေမယ့် ဒီပြဿနာမှာ အဓိကက သူတို့လုပ်တဲ့စက်ရုံမှာ လုပ်ခအပြည့်မပေးဘဲ ၂၀၀ ပဲရတယ်ဆိုပြီး ဒီမတိုင်ခင် အလုပ်သမားရုံးမှာ သွားတိုင်ထားတာရှိတယ်။ အဲဒီနောက်ပိုင်း လုပ်အားခတွေ အပြည့်ပေးလိုက်ရတာကို အလုပ်ရှင်က မကျေနပ်လို့ ဒီအငြိုးနဲ့ စွပ်စွဲတယ်လို့လည်း ပြောတယ်။ မနေ့က ရုံးချိန်းရှိတော့ တဦးကို ဘတ် ၁ သိန်းစီနဲ့ အာမခံပေးပြီး အပြင်ကနေ အမှုရင်ဆိုင်ဖို့ ပြောပါတယ်။ ဒါပေမယ့် သူတို့မှာ ပိုက်ဆံမရှိတော့ ၄ ယောက်လုံး အချုပ်ထဲရောက်သွားပြီ။”

အလုပ်သမားတွေ တရားမျှတမှု ရရှိရေးအတွက် ရှေ့နေငှားပြီး ရင်ဆိုင်ရမှာဖြစ်ကြောင်း၊ ဒါပေမယ့် အလုပ်သမားတွေမှာ ရှေ့နေငှားခပင် မတတ်နိုင်လို့ ထိုင်း-မြန်မာသံရုံးအနေနဲ့ ကူညီဆောင်ရွက်ပေးနိုင်ဖို့  ဒုသံအမတ် ဦးချမ်းအေးထံ အကြောင်းကြားထားတယ်လို့ ကိုရဲမင်းက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက် ထိုင်း-မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက သူတို့အနေနဲ့ မနေ့က ကိုယ်စားလှယ်လွှတ်ပြီး အဆိုပါ မြန်မာအလုပ်သမား ၄ ဦးကို သွားရောက်တွေ့ဆုံအားပေးခဲ့သလို အမှန်တရားပေါ်ပေါက်ရေးနဲ့ အလုပ်သမားတွေ တရားမျှတမှုရရေးအတွက် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“သူတို့နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ကူညီပေးနေပါတယ်ခင်ဗျ။  ဖြစ်စဉ် မှန်တယ်၊ မှားတယ် ဆိုတာကတော့ သက်ဆိုင်ရာက ကာယကံရှင်တွေကို စစ်ဆေးတဲ့အပေါ် မူတည်တာပေါ့နော်။ ၄၈ ရက်အတွင်း စစ်ဆေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ အမှုမှန်အတိုင်း သွားမှာပေါ့နော်၊ ကိုယ့်ဘက်က အားမနည်းအောင်တော့ စီစဉ်ထားတယ်။  ထိုင်းနိုင်ငံ ရှေ့နေများကောင်စီကနေပြီးတော့ ရှေ့နေတွေ ကျနော်တို့ ငှားမယ်။ ပြီးတော့ တဖက်နဲ့ တဖက် စစ်တဲ့နေရာမှာ အဆင်ပြေအောင်လို့ ဆိုပြီးတော့ MWRN (ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ရက်) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကူအညီတောင်းထားပါတယ်။”

ခိုးမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၄ ဦးဟာ လောလောဆယ် ဆမွတ်ဆာခွန်းခရိုင် တရားရုံး အချုပ်ခန်းထဲ ရောက်ရှိနေပြီး သူတို့အမှုကို စစ်ဆေးဖို့ လာမယ့် မေလ ၉ ရက်မှာ ထပ်မံချိန်းဆိုထားပါတယ်။

Photo : Ye Min

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013