DVB Logo
Home
မြန်မာသတင်း
Miss Tourism Beauty of Asia 2018 ပြိုင်ပွဲဝင် မြန်မာအလှမယ်လေးများ၏ ရေကူးဝတ်စုံဝတ် အလှတရား (ဓာတ်ပုံ)
DVB
·
April 27, 2018
Miss Tourism Beauty of Asia 2018 ပြိုင်ပွဲဝင် မြန်မာအလှမယ်လေးများ၏ ရေကူးဝတ်စုံဝတ် အလှတရား (ဓာတ်ပုံ)
1 / 6
Donate to DVB

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ Miss Tourism Beauty of Asia 2018 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ၃ ဦးက သွားရောက် ယှဉ်ပြိုင်နေကြပါတယ်။

ဒီပြိုင်ပွဲကို ဧပြီလ ၈ ရက်က စတင်ကျင်းပနေတာဖြစ်ပြီး မြန်မာအလှမယ်တွေ ဖြစ်ကြတဲ့ မန္တလေးတိုင်း ကိုယ်စားပြုအလှမယ် ယမင်းရွှေရည်၊ အောက်မြန်မာပြည် ကိုယ်စားပြုအလှမယ် သျှားအမရာစိုး၊ အထက်မြန်မာပြည် ကိုယ်စားပြုအလှမယ် ဆုရတီမောင်တို့က ဝင်ရောက် ယှဉ်ပြိုင်နေကြတာပါ။

သူတို့ရဲ့ ရေကူးဝတ်စုံနဲ့ အလှပုံရိပ်တွေကိုတော့ Miss Tourism Beauty Asia ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်ကတဆင့် ဖော်ပြထားခဲ့တာပါ။

ဒီပြိုင်ပွဲကို ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ အလှမယ်တွေက ပါဝင်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါ တယ်။
အပြီးသတ် နောက်ဆုံးယှဉ်ပြိုင်ရမှာကတော့ လာမယ့် ဧပြီလ ၂၉ ရက်နေ့ ဖြစ်ပြီး အလှမယ်သရဖူကို ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013