DVB Logo
Home
မြန်မာသတင်း
ဝီစကီအရက်အတု ပြုလုပ်သည့် မြန်မာ ၃ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ
DVB
·
April 27, 2018
ဝီစကီအရက်အတု ပြုလုပ်သည့် မြန်မာ ၃ ဦး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ပထုန်ဌာနီခရိုင်ထဲမှာ  ဧပြီ ၂၅ ရက်က မြန်မာနိုင်ငံသား ၃ ဦးကို ဝီစကီအရက်တွေ တုပထုတ်လုပ်မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

ပထုန်ဌာနီမြို့၊ လိပ်ခလောင်းရပ်ကွက်၊ ဖိုးထိနေလမ်း၊ အိမ်အမှတ် ၄၆/၇ မှာ နာမည်ကြီး အမှတ်တံဆိပ် အရက်တွေကို တုပထုတ်လုပ်ဖြန့်ဖြူးနေကြောင်း သတင်းအရ ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာလို့ အမ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင်က ဈေးဆိုင်တချို့မှာ အရက်အတုတွေ ဖမ်းဆီးရမိခဲ့ပြီးနောက် ခြေရာခံ စုံစမ်းကာ အဆိုပါနေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ အဲဒီမှာ အလုပ်လုပ်နေတဲ့ ကောင်းဦး (၂၃-နှစ်)၊ လှိုင် (၂၃-နှစ်) နဲ့ ပေ့ (၂၁-နှစ်) စတဲ့ မြန်မာနိုင်ငံသား လူငယ် ၃ ဦးကို အရက်တု ထုတ်လုပ်ပစ္စည်းနဲ့အတူ ဝီစကီအရက်အတု ဖာပေါင်း ၂၀၀  (တဖာတွင် - ၁၂ ပုလင်း ပါရှိ) ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ ရဲတပ်ဖွဲ့ ဒုညွှန်မှူး ဒုရဲမှူးချုပ် ဆုရချိတ် ဟတ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ အရက်တုတွေဟာ အမျိုးအစားမတူ အရက်တွေကို သမထားတဲ့အတွက် ပါဝင်ပစ္စည်း တိကျမှုမရှိကြောင်း၊ သောက်သုံးသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ဒုရဲမှူးချုပ်က ပြောပါတယ်။

ဖမ်းဆီးခံရသူ လူငယ် ၃ ဦးကတော့ သူတို့ဟာ ပိုင်ရှင်အစစ် မဟုတ်ကြောင်း၊ ပိုင်ရှင်က အဆိုပါနေအိမ်ကို တလ ဘတ် ၆၀၀၀ နဲ့  ငှားပေးထားပြီး ဒီအိမ်မှာ လာနေတာ လေးလလောက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ပိုင်ရှင်က သူတို့ကို အရက်ရောနှောပေါင်းစပ်နည်း၊ ပလင်းအဆို့ပိတ်နည်း၊ တံဆိပ်တပ်နည်းနဲ့ ထုပ်ပိုးနည်းတွေ သင်ပေးပြီး လစာ တယောက်ကို ဘတ် ၉၀၀၀ နှုန်း ပေးတာ ဖြစ်ကြောင်း၊ သူတို့ဟာ KING ROBERT၊ WALTOM၊ ROYAL PARK အစရှိတဲ့ အရက် ၃ မျိုးကို အလုပ်ရှင် ပြောထားတဲ့ အချိုးအတိုင်း ရောမွှေပြီး သမသွားတဲ့အခါ နာမည်ကြီး နိုင်ငံခြား အရက်ပုလင်းထဲကို ထည့်သွင်းထုပ်ပိုးကြောင်း၊ တရက်ကို တဖာမှ နှစ်ဖာထိ ထုတ်လုပ်ပြီး  အပြင်မှာ ဖြန့်ဖြူးရောင်းချဖို့ ပိုင်ရှင်က လာသယ်ယူတယ်လို့ ပြောပါတယ်။

Photo : bangkokpost

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013