DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက်၂ဦးကို ထောင်ဖမ်းခဲ့သည့်ကိစ္စ စုံစမ်းစစ်ဆေးရန် တောင်းဆို
DVB
·
April 26, 2018
ရိုက်တာသတင်းထောက်၂ဦးကို ထောင်ဖမ်းခဲ့သည့်ကိစ္စ စုံစမ်းစစ်ဆေးရန် တောင်းဆို
Donate to DVB

 

ဖမ်းဆီးခံ ရိုက်တာသတင်းထောက်တွေနဲ့ အချုပ်နှောင်ခံ ပြည်သူ့ရဲဝန်ထမ်းတွေအတွက်  တရားမျှတမှုရရှိစေရေးနဲ့ အမှုမှန်ပေါ်ပေါက်ရေး အရပ်ဘက်လူထုအဖွဲ့အစည်း ၁၆၃ ဖွဲ့က နိုင်ငံတော်သမ္မတထံ တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ဧပြီ ၂၆ ရက်နေ့စွဲနဲ့ သမ္မတ ဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာပေးပို့တာဖြစ်ပြီး မတရားဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးနဲ့ ပြည်သူ့ရဲဝန်ထမ်းတွေ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒုရဲမှူးမိုးရန်နိုင်က သတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်စာရွက်စာတမ်း တွေကို ပေးတယ်ဆိုတဲ့ ထင်မြင်မှုဖြစ်အောင် ထောင်ချောက်ဆင် ဖမ်းဆီးတဲ့ကိစ္စကိုလည်း နိုင်ငံတော်အဆင့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အမြန်ဆုံးစစ်ဆေး ဖော်ထုတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ “ဘက်မလိုက်သော၊ လွတ်လပ်သော တရားမျှတမှုနှင့်ဆင်ခြင်တုံ တရားကို ချိန်ခွင်လျှာကဲ့သို ထိန်းညှိနိုင်သော တရားစီရင်ရေးမဏ္ဍိုင်ဖြစ်အောင် ကြိုးပမ်းမည်” ဆိုတဲ့ နှစ်သစ်ကူးစကားကို လက်တွေ့အကောင်အထည်ဖော်ပေးဖို့လည်း တိုက်တွန်း တောင်းဆိုထားပါတယ်။

နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာဖြစ်တယ်လို့ တရားလိုပြ သက်သေ အင်းဒင်ရဲစခန်းက ဒုရဲမှူးမိုးရန်​နိုင်​က ဧပြီ ၂၀ ရက်နေ့ တရားရုံးထုတ်ရာမှာ ထွက်ဆိုသွားခဲ့တာပါ။

တရားရုံးမှာ အမှန်အတိုင်းထွက်ဆိုပြီး နောက်တနေ့မှာဘဲ ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုဟာ လည်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ လိုင်းခန်းကနေ ဖယ်ရှားခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013