DVB Logo
Home
မြန်မာသတင်း
အသိဉာဏ်ပစ္စည်းများဆိုင်ရာ မူပိုင်ခွင့်ဥပဒေပြဋ္ဌာန်းနိုင်ရေး ပြည်သူ့လွှတ်တော်တင်မည်
DVB
·
April 26, 2018
အသိဉာဏ်ပစ္စည်းများဆိုင်ရာ မူပိုင်ခွင့်ဥပဒေပြဋ္ဌာန်းနိုင်ရေး ပြည်သူ့လွှတ်တော်တင်မည်
Donate to DVB

 

အသိဉာဏ်ပစ္စည်းများဆိုင်ရာ မူပိုင်ခွင့် ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက်ကို အမျိုးသား လွှတ်တော်ရဲ့ သဘောတူညီချက်ရရှိထားပြီး ပြည်သူ့လွှတ်တော်ကို ဆက်လက်တင်ပြသွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ တက္ကသိုလ်များနဲ့ ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာရယ်၊ တီထွင်ဖန်တီးမှုတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်မယ့် ဥပဒေတွေနဲ့ နည်းပညာလွှဲပြောင်းမှု ဥပဒေတွေ မပေါ်ပေါက်သေး တာရယ် စတဲ့အခက်အခဲတွေကြောင့် တီထွင်ဖန်တီးမှုတွေ မြှင့်တင်နိုင်ဖို့ အခွင့်အလမ်းတွေ နည်းပါးနေသေးတာတွေကို တွေ့ရပါတယ်။ ဥပဒေ ၄ ရပ် အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောက်ရွက်လျက်ရှိရာမှာ အမျိုးသားလွှတ်တော်၏ သဘောတူခွင့်ပြုမှုရရှိခဲ့ပြီး ပြည်သူ့ လွှတ်တော်သို့ ဆက်လက်တင်ပြနိုင်ရေးကြိုးပမ်းလျှက်ရှိပါတယ်” ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

အသိဉာဏ်ပစ္စည်းများဆိုင်ရာ မူပိုင်ခွင့် ဥပဒေတွေဖြစ်တဲ့ ကုန်အမှတ်တံဆိပ် ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေနဲ့ မူပိုင်ခွင့် ဥပဒေတွေ စတဲ့ ဥပဒေ ၄ ရပ် ပေါ်ထွက်ဖို့အတွက် အမျိုးသားလွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့အတွက်ကိုလည်း ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြည်တွင်း ပြည်ပက အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လဲ ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ပြည်သူလူထုကြားမှာ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတများ ကို ကောင်းစွာသဘောပေါက်နားလည်ဖို့လိုအပ်နေသေးတာကြောင့် အသိဉာဏ် ပစ္စည်းမူပိုင်ခွင့် ဌာနအနေဖြင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးတွေကိုကောင်းစွာ အသုံးချ နိုင်အောင်၊ နိုင်ငံရဲ့ တီထွင်ဖန်တီးမှုစွမ်းအားတွေ မြှင့်တင်နိုင်အောင်၊ တီထွင်ဖန်တီးနိုင်တဲ့ အခွင့်အလမ်းတွေကို ပိုမိုရရှိလာအောင် အသိပညာပေးဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်လျှက်ရှိ ပါတယ်”လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ဧပြီလ ၂၆ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ အသိဉာဏ်ပစ္စည်းများနေ့ အခမ်းအနားကို ပညာရေးဝန်ကြီးဌာန၊ သုတေသနနဲ့ တီထွင်ဆန်းသစ်မှုဌာန၊ မူပိုင်ခွင့်ဌာန၊ USAID နဲ့ JICA အဖွဲ့အစည်းတို့က ပူးပေါင်းပြီး နေပြည်တော်မှာရှိတဲ့ M Gallery ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) က WIPO Convention စတင်သက်ဝင် အာဏာတည်ခဲ့တဲ့ ဧပြီ ၂၆ ရက်ကို “ကမ္ဘာ့အသိဉာဏ်ပစ္စည်များနေ့”လို့ သတ်မှတ်ထား ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013