DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသည် ​ဒေသတွင်း​ စီး​ပွား​ရေး​အင်အား​ကြီး​နိုင်ငံသစ်ဖြစ်နိုင်
DVB
·
June 14, 2012
မြန်မာနိုင်ငံသည် ​ဒေသတွင်း​ စီး​ပွား​ရေး​အင်အား​ကြီး​နိုင်ငံသစ်ဖြစ်နိုင်
Donate to DVB

မြန်မာနိုင်ငံက စီး​ပွား​ရေး​နဲ့​ နိုင်ငံ​ရေး​ ပြုပြင်​ပြောင်း​လဲတာ​တွေကို ​အောင်မြင်​အောင် လုပ်​ဆောင်နိုင်ရင် ​ဒေသတွင်း​ စီးပွား​ရေး​အင်အား​ ​တောင့်​တင်း​တဲ့​ နိုင်ငံဖြစ်နိုင်တဲ့​ အခွင့်​အလမ်း​တွေ ရှိ​နေတယ်လို့​ စင်ကာပူ ဂုဏ်ထူး​ဆောင် အဆင့်​မြင့်​ ဝန်ကြီး​ ဂို​ချောက်​တောင်က ​ပြောပါတယ်။

မြန်မာနဲ့​ စင်ကာပူဟာ အပြန်အလှန်အကျိုး​အမြတ်အတွက် မှီတည်​နေရတယ်လို့​လည်း​ ၂ ရက်ကြာ မြန်မာပြည်ခရီး​ကပြန်လာတဲ့​ စင်ကာပူ ဝန်ကြီး​ရဲ့​ ​ပြောဆိုချက်ကို ချန်နယ်နယူစ်​အေး​ရှား​သတင်း​က ကိုး​ကား​ရေး​ပါတယ်။



[caption id="attachment_26666" align="alignleft" width="300" caption="မစ္စတာ ဂို​ချောက်​တောင်နှင့်​ ရန်ကုန်တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ် ဦး​မြင့်​ဆွေ"][/caption]

မန်မာနဲ့​ စင်ကာပူ တိုး​တက်တာ​တွေကလည်း​ ကွဲလွဲတဲ့​ အဆင့်​တွေ ဖြစ်​နေပြီး​ ၂ နိုင်ငံ အတူအလုပ်လုပ်သွား​ရင် မြန်မာက စင်္ကာပူထက် ပိုအကျိုး​အမြတ် ရလိမ့်​မယ်လို့​လည်း​ ​ပြောပါတယ်။ ခိုင်မာ​တောင့်​တင်း​တဲ့​ မြန်မာ က ​ဒေသတွင်း​အတွက် ​ကောင်း​လိမ့်​မယ်လို့​လည်း​ သူက ​ပြောပါတယ်။

မြန်မာပြည် အ​ပြောင်း​အလဲ​တွေ လမ်း​ကြောင်း​မှန်​ပေါ်​ရောက်ရှိပြီး​ ပိုပွင့်​လင်း​လာရင် ၁၀ နှစ်အတွင်း​ တိုးတက်မှုနှုန်း​ ၈ ရာခိုင်နှုန်း​က​နေ ၁၀ ရာခိုင်နှုန်း​ကို တိုး​တက်သွား​နိုင်တယ်။ အဲဒီအခါ အာဆီယံအဖွဲ့​အား​ကောင်း​ပြီး​ ​ဒေသတွင်း​မှာ စီး​ပွား​ရေး​အရ ပိုမိုအား​ကောင်း​ ကြွယ်ဝလာမှာပါလို့​ ဂို​ချောက်​တောင်က ​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့​ အ​ပြောင်း​အလဲဟာ လမ်း​ကြောင်း​မှန်​ပေါ်မှာ ​ရောက်ရှိ​နေပြီး​တော့​ ​ပြောင်း​လဲမှု​တွေကလည်း​ စိတ်​ကျေနပ်စရာ​ကောင်း​တယ်လို့​ ဆိုပါတယ်။

တိုင်း​ပြည်က နိုင်ငံ​ရေး​ ပါတီ​တွေကလည်း​ တိုင်း​ပြည်အကျိုး​အမြတ်အတွက် ယှဉ်ပြိုင်ဖို့​လည်း​ ဂို​ချောက်​တောင်က ထည့်​သွင်း​ပြောဆိုပါတယ်။ မြန်မာကို သွား​ရောက်လည်ပတ်ရတဲ့​ အ​ကြောင်း​က​တော့​ စင်ကာပူက နည်း​ပညာ အကူအညီ လိုအပ်ချက်​တွေနဲ့​ ပတ်သက်ပြီး​တော့​ နား​လည်မှုရရှိဖို့​လို့​ သူက ​ပြောပါတယ်။

သမ္မတ ဦး​သိန်း​စိန် စင်ကာပူ ဇန်နဝါရီ ခရီး​စဉ်အတွင်း​ နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီနဲ့​ ပတ်သက်ပြီး​တော့​ နား​လည်မှု လတ်မှတ်​ရေး​ထိုး​နိုင်တယ်လို့​ ဆိုပါတယ်။ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​ရေး​၊​ လူ့​စွမ်း​အား​အရင်း​အမြစ်တိုး​တက်​ရေး​နဲ့​ လူထု အုပ်ချုပ်​ရေး​တွေမှာ စင်္ကာပူက အကူအညီ​ပေး​မယ်လို့​လည်း​ ဆိုပါတယ်။

စင်ကာပူ ကုမ္ပဏီ​တွေကလည်း​ မြန်မာနိုင်ငံမှာ ရင်း​နှီး​မြှုပ်နှံဖို့​ စိတ်ဝင်စား​လာပါတယ်။ စင်ကာပူ စီး​ပွား​ရေး​ အဖွဲ့​ကလည်း​ ဒီနှစ်ထဲမှာ မြန်မာပြည်ကို သွား​ရောက်တာ ၂ ကြိမ်ရှိပြီ ဖြစ်ပါတယ်။

စင်ကာပူဟာ မြန်မာရဲ့​ စတုတ္ထအကြီး​ဆုံး​ ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး​တော့​ ၂ နိုင်ငံ ကုန်သွယ်မှုဟာ အရင်နှစ်က စင်ကာပူ​ဒေါ်လာ ၁.၆ ဘီလီယံ ​ရောက်ရှိခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013