DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်တွင် တလအတွင်း သက်ငယ်မုဒိမ်းမှု ၂ ကြိမ်ဖြစ်ပွား
DVB
·
April 26, 2018
ရွှေကျင်မြို့နယ်တွင် တလအတွင်း သက်ငယ်မုဒိမ်းမှု ၂ ကြိမ်ဖြစ်ပွား
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ ဧပြီလ တလအတွင်း သက်ငယ်မုဒိမ်းမှု နှစ်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့မစခန်းမှူး ဒုရဲမှူး ကျော်လွင်ဦး က ပြောပါတယ်။

ရွှေကျင်​မြို့နယ်​ ကျောက်လုံးကြီးကျေးရွာမှာ ဧပြီ ၂၄ ရက်က ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူတဦးနဲ့ ဧပြီ ၁၉ ရက်နေ့က ညောင်​အိုင်​​ကျေးရွာမှာ ​၁၃ နှစ်​အရွယ် ၆ တန်း​ကျောင်းသူ တဦးတို့ အဓမ္မပြုကျင့်မှုခံခဲ့ရတာပါ။

၁၄ နှစ်အရွယ်ကျောင်းသူတဦးဟာ ခဲအိုဖြစ်သူနဲ့အတူ ကြက်သွားရောင်းရာမှ ခဲအိုဖြစ်သူရဲ့ အဓမ္မပြုကျင့်မှုကိုခံခဲ့ရပြီး ၁၃ နှစ်အရွယ်ကျောင်းသူတဦးကတော့ တရွာတည်းနေသူရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရကာ ကိုယ်​ဝန်​ရရှိခဲ့တယ်လို့ သိရပါတယ်။

အဓမ္မကျူးလွန်မှုတွေဟာ ရွှေကျင်မြို့မှာ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာကြောင့် အသိပညာပေး ဟောပြောမှုတွေ လက်ကမ်းစားစောင် ဖြန့်ဝေတာမျိုးတွေကို ကျေးရွာတွေအထိ ဆင်းကာ ထိထိရောက်ရောက် လုပ်သင့်နေပြီလို့ ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

ရွှေကျင်မြို့ အရပ်ဘက်လူမှုအဖွဲ့အစည်း တခုဖြစ်တဲ့(ရွှေအေးစစ်)အဖွဲ့မှ ဦးတင်ဇော်ဝင်းက “သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်လို့ ရွှေကျင်မြို့မှာ အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုအပ်နေပြီး လိုအပ်ပါက ဌာနဆိုင်ရာတွေအနေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်တာမျိုးတွေ ပြုလုပ်သင့်တယ်။ ဒါမျိုးတွေ ဖြစ်ပွားလာပါက လည်း ထိထိရောက်ရောက် အရေးယူတဲ့အပိုင်းတွေ လုပ်သင့်တယ်”လို့ ပြောပါတယ်။

အဆိုပါသက်ငယ်မုဒိမ်းမှု နှစ်ခုစလုံးကို  ရွှေကျင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ- ၃၇၆ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013