DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင်  ပြည်သူအခြေပြု ဘတ်ဂျက်ရေးဆွဲ အကောင်အထည်ဖော်မည်
DVB
·
April 26, 2018
ရန်ကုန်တိုင်းတွင်  ပြည်သူအခြေပြု ဘတ်ဂျက်ရေးဆွဲ အကောင်အထည်ဖော်မည်
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြည်သူ့အခြေပြုဘတ်ဂျက် (Participatory Budget)ရေးဆွဲ အကောင်အထည်ဖော်မယ်လို့ တိုင်းဒေသကြီးအစိုးရက သတင်း ထုတ်ပြန်ပါတယ်။

ဧပြီ ၂၆ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြည်သူ့ အခြေပြုဘတ်ဂျက် (Participatory Budget) ညှိနှိုင်းရေးဆွဲပွဲ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

"ပထမဦးစားပေးက ဘာလုပ်သင့်သလဲဆိုတဲ့ အခြေအနေတွေကို ချိန်ညှိလိုက်မယ်ဆိုရင် တိုင်းအတွင်းမှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ မြို့နယ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုအားကောင်းနေတဲ့ မြို့နယ်တွေကြားမှာ အချိုးညီမျှတတဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုကို ဖြစ်နိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ဒီနေ့ ကျနော်တို့ ဆွေးနွေးတဲ့ ဒီစားပွဲအလိုက်ဆောင်ရွက်မယ့် အလုပ်ရုံဆွေးနွေးပွဲတွေကနေ ရန်ကုန်တိုင်းအတွင်းမှာ ပြည်သူကိုအခြေပြုတဲ့ ဘတ်ဂျတ်စနစ်တစ်ခုကို ကျနော်တို့ အကောင်အထည် ဖော်နိုင်ဖို့အတွက် အခုတက်ရောက်လာတဲ့သူတွေ ဝိုင်းဝန်းကူညီနေကြတဲ့ သူတွေ ဒီလုပ်ငန်းစဉ်ကြီး အောင်မြင်ဖို့အတွက် အဖက်ဖက်ကနေ ကြိုးပမ်းဆောင်ရွက်ပေးနေတဲ့ သူတွေအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။"

ဘတ်ဂျတ်ငွေကို စနစ်တကျ စိစစ်သုံးစွဲနိုင် ပြီးတော့ ထိရောက်တဲ့ အကျိုးရှိတဲ့ သုံးစွဲမှုတွေဖြစ်ဖို့အတွက်အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ဖို့လည်း ၀န်ကြီးချု့်က တိုက်တွန်းပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ  ပြည်သူ့ အခြေပြုဘတ်ဂျက် တစ်ခုလုံးကို လက်တွေ့ ဆောင်ရွက်ဖို့ ခရိုင်အလိုက်မြို့နယ်တွေက အတည်ပြုလိုက်တဲ့ ဦးစားပေး လုပ်ငန်းပေါင်း ၂၀ ကို ဘက်ဂျက်အသွင်ပြောင်းမှာ ဖြစ်ပါတယ်။

ဦးစားပေးမှု ၂၀ တင်မက သက်ဆိုင်ရာ ပြည်သူ့ကိုယ်စားလှယ်တွေက ထပ်မံထည့်သွင်း ချင်တယ်ဆိုရင်လည်း   ဦးစားပေးမှု ၂၀ အပြင် လိုအပ်ချက်ကို ထပ်ထည့်နိုင်တယ်လို့လည်း ဆိုပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြည်သူ့ အခြေပြုဘတ်ဂျက် (Participatory Budget) ညှိနှိုင်းရေးဆွဲပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်အလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဧပြီ ၂၆ ရက်မှ၂၇ ရက်ထိ နှစ်ရက်ကြာ ဆွေးနွေးညှိနှိုင်းရေးဆွဲကြမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွက်ချပေးထားတဲ့  အခုနှစ် ၆ လ ဘတ်ဂျက် ပမာဏကတော့ ကျပ် ၂၀၂ ဘီလီယံဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013