DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ထွက်ခွာ
DVB
·
April 26, 2018
သမ္မတဦးဝင်းမြင့် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ထွက်ခွာ
1 / 8
Donate to DVB

 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့်  (၃၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို  တက်ရောက်ဖို့ ဒီကနေ့မနက် ၁၁နာရီ မိနစ် ၄၀ မှာ နေပြည်တော်မှ အထူးလေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။

နိုင်ငံတော်သမ္မတနဲ့ အတူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်သမ္မတဟာ အခုလ ၂၅ ရက်ကနေ ၂၈ ရက်အထိကျင်းပမယ့် (၃၂)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ အခြား အာဆီယံနိုင်ငံ ခေါင်းဆောင်တွေနဲ့အတူ ပါဝင်တက်ရောက်မှာဖြစ်ပါတယ်။

ဒါဟာ သမ္မတသစ် ဦးဝင်းမြင့်အနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို နိုင်ငံအကြီးအကဲဖြစ် ပထမဆုံး အကြိမ်တက်ရောက်တာဖြစ်ပြီး သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီတကြိမ် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပါဝင်တက်ရောက်ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013