DVB Logo
Home
မြန်မာသတင်း
အဓမ္မပြုကျင့်မှုဖြင့်ဖမ်းဆီးခံထားရသည့် အဆိုတော်အစ္စဏီအမှု ဒုတိယအကြိမ်ရမန်ယူ
DVB
·
April 26, 2018
အဓမ္မပြုကျင့်မှုဖြင့်ဖမ်းဆီးခံထားရသည့် အဆိုတော်အစ္စဏီအမှု ဒုတိယအကြိမ်ရမန်ယူ
Donate to DVB

 

မော်ဒယ်စူးရှထက်ကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့  အဆိုတော် အစ္စဏီ အမှုကို ဧပြီ ၂၆ ရက်က ရန်ကုန်မြို့ တာမွေတရားရုံးမှာ ဒုတိယအကြိမ် ရမန်ယူပြီး မေလ ၁၀ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးဖို့   ပြန်ချိန်းဆိုလိုက်ပါတယ်။

အဓမ္မပြုကျင့်မှု၊ အပြင်းအထန်နာကျင်စေမှုအပါအဝင် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ ပုဒ်မသုံးခုနဲ့ အဆိုတော် ဟန်ထွန်းဇော်(ခ)အစ္စဏီကို  မော်ဒယ်စူးရှထက် ကိုယ်တိုင် တရားလိုပြုလုပ်ပြီး တာမွေရဲစခန်းမှာ ဧပြီလ ၁၂ ရက်နေ့က အမှုဖွင့်တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

ဧပြီ ၁၂ရက်က  မော်ဒယ်စူးရှထက်ရဲ့နေအိမ်တိုက်ခန်းမှာ   ရည်းစားဟောင်း အဆိုတော်အစ္စဏီက စူးရှထက်ကို တကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တို့နဲ့ လက်သည်းခွံတွေကို လှန်ချိုးလို့  နာကျင်ပြီး သတိမေ့နေတုန်း ၂ ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013