DVB Logo
Home
Lead Story
“မသိဘူး ချစ်တယ်” ရုပ်ရှင်ရိုက်ကွင်းနောက်ကွယ်မှ သင်ဇာဝင့်ကျော်၏ အလန်းစားပုံရိပ်များ (ဓာတ်ပုံ)
DVB
·
April 26, 2018
“မသိဘူး ချစ်တယ်” ရုပ်ရှင်ရိုက်ကွင်းနောက်ကွယ်မှ သင်ဇာဝင့်ကျော်၏ အလန်းစားပုံရိပ်များ (ဓာတ်ပုံ)
1 / 4
Donate to DVB

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ဟာ လက်ရှိမှာ “မသိဘူး ချစ်တယ်”လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကားကြီးတကားမှာ ပါဝင်ရိုက်ကူးနေပြီး အဲဒီကား ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို မျှဝေထားခဲ့ပါတယ်။

ဒီပုံတွေကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး စုစုပေါင်းဓာတ်ပုံ ၅ ပုံကို တင်ထားခဲ့တာ ဖြစ်ပါတယ်။

ပုံတွေထဲမှာတော့ Gym တခုထဲမှာ ပန်းရောင် Sexy ကျကျ ဝတ်စုံနဲ့ ကစားနေတဲ့ သူ့ရဲ့ အလန်းစားပုံရိပ်တွေကို တွေ့မြင်ရမှာဖြစ်ပြီး အမျိုးသားသရုပ်ဆောင် ခန့်စည်သူနဲ့အတူ ရှိနေတာကို တွေ့ကြရမှာပါ။

လက်ရှိမှာတော့ #flashback ‘မသိဘူး ချစ်တယ်' ရုပ်ရှင်ကားကြီးရိုက်ကွင်း 🎬 လို့ ရည်ညွှန်းရေးသားထားတဲ့ ဓာတ်ပုံတွေကို နာရီပိုင်းအတွင်း ကြိုက်နှစ်သက်သူ ၄ သောင်း ၈ ထောင်ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ မနက်ဖြန်မှာ ရုံတင်ပြသတော့မယ့် ‘မုန်းလို့ရရင် မုန်းချင်တယ်’ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း နေတိုး၊ မင်းဦး၊ ရတနာမိုင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013