
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကြည်ဝင်း အသက် ၈၆ နှစ်ဟာ ဧပြီ ၂၅ ရက် ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီလောက်က ရန်ကုန်မြို့FMI အိမ်ရာရှိ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
ရှေ့နေကြီး ဦးကြည်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျခံနေရစဉ် ကာလက အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ ဖြစ်ပွားခဲ့တဲ့ နေအိမ်အမွေဆိုင်မှု၊ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ရေကူးပြီး နေအိမ်ခြံဝင်းထဲ ခိုးဝင်တဲ့အမှုနဲ့ ဒီပဲယင်းလုပ်ကြံမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က အကျိုးဆောင်လိုက်ပါဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။
ရှေ့နေ ဦးကြည်ဝင်းဟာ ၁၉၉၁ ခုနှစ်မှာ အစိုးရအမှုထမ်းဘ၀ကနေ အငြိမ်းစားယူခဲ့ပြီး ပုဂ္ဂလိက ဥပဒေအကျိုးဆောင်အဖွဲ့ကိုလည်း ဦးဆောင် ဖွဲ့စည်းခဲ့သူဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာဝင်တဦးဖြစ်တဲ့ ဦးကြည်ဝင်းရဲ့ ရုပ်ကလပ်ကို ဧပြီ ၂၉ ရက် တနင်္ဂနွေနေ့ မွန်းလွဲ ၁နာရီမှာ ထိန်ပင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ သုသာန်မှာ ၀တ်ပြုဆုတောင်းပြီး ဂူသွင်း သဂြုင်္ိဟ်မှာဖြစ်ပါတယ်။
တရားလွှတ်တော်ရှေ့နေကြီး ဦးကြည်ဝင်း မကွယ်လွန်ခင်က ဒီဗွီဘီ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းချက်ကို အမှတ်တရ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။










