DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် ကာချုပ်တို့ကို  တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးတွေ့ဆုံ  
DVB
·
April 26, 2018
သမ္မတနှင့် ကာချုပ်တို့ကို  တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးတွေ့ဆုံ  
1 / 6
Donate to DVB

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို  တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး ဆောင်တိုအာက မနေ့က နေပြည်တော်မှာ လာရောက်တွေ့ဆုံပါတယ်။

သမ္မတနဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြီးအကဲတွေ ချစ်ကြည်ရေး ခရီးစဉ်တွေ အပြန်အလှန်လည်ပတ်ရေး၊ ပိုးလမ်းမကြီးနဲ့ ပတ်သက်ပြီး မဟာဗျူဟာမြောက် စီးပွားရေး စင်္ကြန်တည်ဆောက်ရေး၊ နှစ်နိုင်ငံစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပြင် ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့  ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေ ဆွေးနွေးကြတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာတော့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊  နှစ်နိုင်ငံတပ်မတော် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တပ်မတော်က ဆောင်ရွက်နေမှု အခြေအနေတွေ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးမယ့်ကိစ္စတွေ  ဆွေးနွေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဟာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းပြီးခဲ့တဲ့ ရက်ပိုင်းက သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013