DVB Logo
Home
မြန်မာသတင်း
“တကျော့ပြန်အိပ်မက်ဆိုး” အစီရင်ခံစာထုတ်ပြန်ပွဲ တားမြစ်ပိတ်ပင်ခံရ
DVB
·
April 25, 2018
“တကျော့ပြန်အိပ်မက်ဆိုး” အစီရင်ခံစာထုတ်ပြန်ပွဲ တားမြစ်ပိတ်ပင်ခံရ
Donate to DVB

 

ကရင်ပြည်နယ် ဖာပွန်ခရိုင်က ထွက်ပြေးတိမ်းရှောင်နေရတဲ့လူထုတွေရဲ့အသံကို ထုတ်ဖော် တင်ဆက်ထားတဲ့ “တကျော့ပြန်အိပ်မက်ဆိုး (The Nightmare Return)” အစီရင်ခံစာကို ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်က (KPSN) ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာမှာ မတ်လ ၄ ရက်နေ့ကစပြီး ကရင်ပြည်နယ်၊ ဖာပွန်ရိုင်၊ လူသောမြို့နယ် အတွင်းမှာ အစိုးရတပ်ရဲ့ လမ်းဖောက်လုပ်ရေးအတွက် စစ်အင်အားတိုးချဲ့မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကရင် လူထုတွေရဲ့အသံအပါအ၀င် တပ်ရဲ့ ပစ်ခံခဲ့ရတဲ့ စောအိုမူး ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာကို  ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် က ဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်မှာ ဒီကနေ့ မိတ်ဆက်ပွဲပြုလုပ်ဖို့စီစဉ်ခဲ့ပေမယ့် အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ပျက်ပယ်သွားတယ်လို့ KPSN က နော်ဆာမူးက ပြောပါတယ်။

“ကျမတို့ရဲ့ အစီရင်ခံစာထုတ်ပြန်ပွဲ ဖျက်သိမ်းလိုက်ရတာဟာ မြန်မာအစိုးရဘက်က ထိုင်း တာဝန်ရှိ သူတွေကိုဆက်သွယ်ပြီး အဲဒီတာဝန်ရှိသူတွေကနေ ချင်းမိုင်တက္ကသိုလ်က ထပ် အကြောင်းကြားတယ်။ ကျမတို့ရဲ့အစီအစဉ်ကို မလုပ်ရဘူးဆိုပြီး၊ ကျမတို့လုပ်လို့ မရဘူး။ တက္ကသိုလ်ဘက်က ကျမတို့ကိုပြောတာကတော့ နိုင်ငံရေးကိစ္စကြောင့်လို့ပြောတယ်။ ဒါပေမယ့်အကြောင်း အပြည့်အစုံကိုတော့ ကျမတို့မသိဘူး။ ”

ဒီအစီရင်ခံစာ မိတ်ဆက်ထုတ်ပြန်ပွဲမှာ ထိုဆွေးနွေးပွဲတွင် The Regional Center for Social Science and Sustainable Development (RCSD) ဥက္ကဋ္ဌ ဒေါက်တာ ချရန်ဗတ်ဟာနဖွတ်၊ KNU-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်၊ ဥပဒေ အထောက်အကူပြုကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ထူး၊ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက်မှ စောဟေစိုးနှင့် စောမဘူထူး၊ မူတရော်အရေးပေါ် အကူအညီပေးရေးအဖွဲ့ (MEAT)မှ နော်ကညောဖော နဲ့ ဒသခံကိုယ်စားလှယ်တက်ရောက်ဖို့ ကြေညာထားပါတယ်။

ဒီပွဲ ချင်းမိုင်တက္ကသိုလ်မှာ လုပ်ခွင့်မရလို နောက်ထပ်နေရာတခုမှာလုပ်ဖို့ ရွှေ့ခဲ့ပေမယ့် ထိုင်းရဲကလာရောက်တားမြစ်လို့ အစီရင်ခံစာ ထုတ်ပြန်မယ့်ပွဲကို ရပ်လိုက်ရတယ်လို့လည်း ပြောပါတယ်။

‘တကျော့ပြန်အိပ်မက်ဆိုး’အစီရင်ခံစာမှာ စစ်ရေးပဋိပက္ခ နယ်မြေအတွင်း မြေစာပင်ဖြစ်ခဲ့ရတဲ့ စစ်ဘေးဒုက္ခတွေနဲ့ သူတို့ ကြုံတွေ့နေရတဲ့ စားဝတ်နေရေးပြဿနာကို ဖော်ပြထားပါတယ်။

သူတို့ထုတ်ပြန်လိုက်တဲ့ ရုပ်သံမှတ်တမ်းမှာလည်း အမျိုးသမီးတဦးက “ ကျမတို့ရင်ဆိုင်နေရ တဲ့ အခက်အခဲတွေ အများကြီးပဲ။ တောထဲမှာနေရတော့ ကိုယ့်အိမ်လိုမဟုတ်။ လေပြင်းတိုက်၊ လေစိမ်းတွေတိုက်လို့ အပူအအေးမမျှမှုတွေဖြစ် ကလေးတွေနာမကျန်းဖြစ်တယ်။ ကျမတို့လည်း ညတိုင်းအိပ်နေရတဲ့အခါကျတော့ လေထိုးလေအောင့်တာတွေခံစားနေရတယ်။”လို့ ပြောထားပါတယ်။

နောက်ထပ်အမျိုးသမီးတဦးလည်း “အပစ်ခတ်ရပ်စဲရေးလုပ်တယ်လည်း ပြောသေးတယ်။ မြန်မာစစ်တပ်က နယ်ကိုကျော်လာတယ်။ ဗမာလေ။ ကရင်မှမဟုတ်တာ။ နယ်ကိုကျော်လာ တယ်ဆိုတော့ ကျမအရမ်းကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ကျမရဲ့ ၀မ်းကွဲ ဆွေမျိုးတွေကို နှိပ်စက်ခဲ့ဖူးတာကို ကြုံတွေ့ခဲ့ရတယ်။ အဲတုန်းက ကရင်သင်တိုင်းဖြူ၊ ကရင် သင်တိုင်းမဲတွေကို ချွတ်ပြီး အဓမ္မပြုကျင့်တာ၊ လက်ကိုချည်ထားပြီးတော့ လုပ်တာ။ အဲဒီအခြေ အနေကို မခံစားနိုင်ဘူး။ ကျမ ဒေါသအရမ်းထွက်တယ်။ ဒါပေမယ့် မတတ်နိုင်ခဲ့ဘူး။ ကျမကို အရမ်းရင်နာစေခဲ့တာက ကျမရဲ့ခင်ပွန်း၊ မိသားစုနဲ့ဆွေမျိုးတွေကို သတ်ခဲ့တယ်။ ဒါကြောင့်သူတို့ပြန်ဖို့ ကျမလိုလားတယ်။”လို့ ပြောပါတယ်။

ဒါ့အပြင် ရုပ်သံမှတ်တမ်းတွေမှာလည်း ငယ်စဉ်ကတည်းကနေ အခုအသက်ကြီးရင့်သည်အထိ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာတွေအပါအ၀င် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေရဲ့ အသံကို ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့ကစပြီး  အစိုးရစစ်တပ်ဖွဲ့တွေ ၀င်ရောက်လာမှုကြောင့် လယ်မူပလောနဲ့ ခေးဘူးကျေးရွာအုပ်စုက ရွာပေါင်း ၁၆ ရွာ လူဦးရေ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး  ဒေသခံလူမှုအဖွဲ့ခေါင်းဆောင် စောအိုမူး ဧပြီလ ၅ ရက်နေ့က အစိုးရတပ်ရဲ့ ပတ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013