DVB Logo
Home
မြန်မာသတင်း
ဖြိုးကိုကိုတင့်ဆန်းအမှုတွဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက စစ်ဆေးနေ
DVB
·
April 25, 2018
ဖြိုးကိုကိုတင့်ဆန်းအမှုတွဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက စစ်ဆေးနေ
Donate to DVB

 

လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်သူတွေရဲ့ အမှုတွဲတွေနဲ့ စစ်ဆေးထားချက်တွေကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးက စစ်ဆေးနေပါတယ်။

ဧပြီ ၂၅ ရက်က ဒက္ခိဏခရိုင် တရားရုံးမှာ တရားမဝင်လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုအတွက် တရားစွဲဆိုခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်သူတွေကို ရုံးထုတ်ခဲ့ပါတယ်။

ဒီရုံးထုတ်မှာတော့ အမှုအတွက် စစ်ဆေးမှုတွေ ပြုလုပ်မှာမဟုတ်ဘဲ ရုံးချိန်းရမန်ရယူဖို့သာ ဖြစ်တယ်လို့ ဒက္ခိဏခရိုင် တရားရုံးက သိရပါတယ်။

အခုလို အမှုမစစ်ဆေးနိုင်တာဟာ ဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်သူတွေရဲ့ အမှုတွဲတွေနဲ့ စစ်ဆေးထားချက်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ရာဇဝတ်အထွေထွေအမှုအမှတ် ၅ နဲ့ အမှုဖွင့်ပြီး တောင်းယူပြီး စစ်ဆေးနေတဲ့အတွက် ဖြစ်တယ်လို့ ဒက္ခိဏခရိုင်တရားရုံး ဒုတိယတရားသူကြီး ဦးခင်မောင်စိုးက ပြောပါတယ်။

“ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ ၂၀၁၈ ခုနှစ် ရာဇဝတ်အထွေထွေပုဒ်မ ၅ နဲ့ ဒီကိစ္စကို ကြည်ရှုဖို့တောင်းတဲ့အတွက်ကြောင့် အဲဒီဟာကို အမှုအားလုံး ၁၂ မှုလုံးကို ကျနော်တို့ ၁၉ ရက် ၄ လ ၂၀၁၈ ရက်နေ့က ပို့ထားပါတယ်။ အမှုက ဒီမှာမရှိတဲ့အတွက် မစစ်ဆေးဖြစ်ဘူးပေါ့နော်။”

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အမှုဖွင့်ထားတဲ့ ရာဇဝတ်အထွေထွေအမှုအမှတ် ၅ နဲ့ ပတ်သက်ပြီး အတိအကျ ပြောဆိုလို့ မရပေမယ့် တဦး တယောက်က အမှုဖွင့်လာတာ ဖြစ်နိုင်သလို တရားရုံးပြောင်းဖို့လည်း ဖြစ်နိုင်တယ်လို့ ဒုတိယတရားသူကြီးက ဆိုပါတယ်။

“သူတို့ဆီမှာ ဖွင့်ထားတာကတော့ ပြည်ထောင်စုတရားလွှတ်တော်ရဲ့ ၂၀၁၈ ခုနှစ် ရာထွေမှုအမှတ် ၅နဲ့ ဖွင့်ထားတာ။ အဲဒါကို ကျနော်တို့ မသိနိုင်ဘူး။ ဘာအတွက် လျှောက်ထားလဲတော့ မသိဘူး။ လျှောက်ထားလို့ တောင်းတဲ့သဘောပါ။”

ဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်သူတွေရဲ့ အမှုစစ်ဆေးမှု ရုံးချိန်း ၁၀ ချိန်းကျော် လာချိန်မှာတော့ သတင်းမီဒီယာသမားတွေ့ရဲ့ အမှုအပေါ် စိတ်ဝင်စားစောင့်ကြည့်မှုဟာလည်း နည်းပါးလာတာ တွေ့ရပါတယ်။

တရားရုံးအတွင်း သတင်းရယူမှုအပိုင်းမှာတော့ ပွင့်လင်းမြင်သာရှိသလို တရားသူကြီးကိုယ်တိုင် မီဒီယာရှင်းလင်းပွဲ ပြုလုပ်ပေးတာတဲ့အတွက် အားရမှုရှိတယ်လို့လည်း ဒီအမှုအပေါ် တစိုက်မတ်မတ် သတင်းရယူနေတဲ့ 7 Day သတင်းထောက် ဦးရဲနိုင်က ဆိုပါတယ်။

“တရားခွင်ထဲမှာ အများပြည်သူရှေ့မှောက် တရားစီရင်တယ်ဆိုတဲ့အတိုင်း သတင်းမီဒီယာတွေအားလုံး ဝင်နားထောင်ခွင့်ရခဲ့တယ်။ ဒါပြီးသွားရင်တောင်မှ သတင်းထောက်တွေ တရားခွင်ထဲမှာ မရှင်းလင်းတဲ့ အချက်လက်တွေကို ဒုတိယတရားသူကြီးချုပ်ကနေပြီးတော့ ရှင်းလင်းပွဲတခု ပြုလုပ်ပေးတယ်။ အဲလောက်ထိတော့ ဒီတရားရုံးက ပွင့်လင်းမြင်သာမှုရှိတယ်။ သတင်းယူမှုအပိုင်းမှာ ဒီတရားရုံးက တော်တော်လေးကို ကောင်းပါတယ်”

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လက်နက်နဲ့မူးယစ်ဆေးဝါးတွေ တွေ့ရှိမှုနဲ့ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၅ ဦးတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်/သွင်းကုန် ဥပဒေ၊ လက်နက်ဥပဒေ၊ လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေတို့နဲ့ အမှုပေါင်း ၁၇ မှုနဲ့ စစ်ဆေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013