
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၂,၂၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၇၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၆,၂၅၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၂၈,၅၀၀ ကျပ်ကနေ ငွေကျပ် ၃၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄,၂၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၆၆,၀၀၀ ကနေ ၆၉,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၉,၆၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲနီပြား
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲနီပြားက တအိတ်ကို ၇၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၅,၀၀၀ ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၉,၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၄,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ဆန်ပြောင်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ဆန်ပြောင်းက ၅၉.၂၅ ပိဿာဝင် တအိတ်ကို ၄၃,၀၀၀ ကျပ်ကနေ ၄၄,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၇,၄၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၇၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၃,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီ အဓိကထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၄၅၀ ကျပ်ကနေ ၅၇၅ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၃၇၅ ကျပ်ကနေ ၆၃၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၅၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











