Home
မြန်မာသတင်း
ပုသိမ်-မော်တင်ကားလမ်းပေါ် တောဆင်ရိုင်းအုပ်စုလိုက် ဖြတ်သန်းသွား
DVB
·
April 25, 2018
31230386_216310452298225_7931236004493636530_n
31282825_216310395631564_2715169874141975668_n
31265259_216310365631567_2838142395352478452_n
31351290_216310338964903_6286526713750006732_n
31337774_216310422298228_4116387155091114461_n
  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်-မော်တင်ကားလမ်းပေါ်ကို ဧပြီ ၂၃ ရက် ညနေပိုင်းက စတင်ပြီး တောဆင်ရိုင်းအုပ်တွေ ဖြတ်သန်းသွားလာနေလို့ ဆိုင်ကယ်တွေ၊ ကားတွေအနေနဲ့ ဆင်အန္တရာယ်ဂရုစိုက်ဖို့ နှိုးဆော်ထားပါတယ်။ တောဆင်ရိုင်းအုပ်မှာ စွယ်စုံဆင် ၃ ကောင်လောက်အပါအ၀င် ဆင် ၁၀ ကောင်လောက် ပါဝင်တဲ့  တောဆင်အုပ်ဖြစ်ပြီး အနားက သစ်တောကြိုးဝိုင်းတွေထဲကနေ ကားလမ်းဘေး ချောက်ထဲကတဆင့် ကားလမ်းပေါ်ကို ဖြတ်သန်းသွားလာနေတာဖြစ်ပါတယ်။ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက “အဲ့နားမှာက ဆင်တွေ တူးထားတဲ့ ရေတွင်းတွေရှိတယ်။ ရာသီဥတုပူတာရယ် နောက်တစ်ခုက ဆင်တွေက သူတို့ကို လိုက်သတ်နေတဲ့ ဆင်မုဆိုးတွေ တောထဲရောက်နေရင်လည်း လူတွေကိုအကူအညီ တောင်းတဲ့ အနေနဲ့ လူတွေအနားကို ရောက်အောင်လာပြီး တောထဲမပြန်သေးတာ တွေရှိတယ် တစ်ခုက ဆင်တွေရဲ့ စားကျက်ပျောက်တာလို့ ခေါ်တာပေါ့။ သူတို့သွားလာ စားသောက်နေထိုင်တဲ့ ဂေဟစနစ် တခုခုပြောင်းသွားရင်လည်း စားကျက်အသစ်ကို အုပ်လိုက်ပြောင်းတာတွေရှိတယ်”လို့ ပြောပါတယ်။ ပုသိမ်-မော်တင် ကားလမ်းဘေးတလျှောက်မှာရှိတဲ့ သစ်တောကြိုးဝိုင်းတွေထဲကနေ ကျေးရွာတွေအနီးရှိ ကားလမ်းပေါ်ကို ရောက်လာတတ်တဲ့ တောဆင်အုပ် ၂ အုပ်ရှိနေပြီး တစ်အုပ်ကို ၁၀ ကောင်ထက်မနည်းရှိတဲ့ တောဆင်ရိုင်းအုပ်တွေ ဖြစ်တယ်လို့ အရေးပေါ် ကွန်ဂျီဆင်မောင်းအဖွဲ့ကနေ သိရပါတယ်။ ပုသိမ်-မော်တင်ကားလမ်းဟာ ပုသိမ်မြို့ကနေ မြတ်မော်တင်စွန်းဘုရား ဂေါ်ရန်ဂျီကမ်းခြေ ဟိုင်းကြီးကျွန်းမြို့နဲ့ ငရုတ်ကောင်းမြို့တွေကို သွားလာဆက်သွယ်နေရတဲ့ တစ်ခုတည်းသော ကုန်းလမ်း ဖြစ်တဲ့အတွက် ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားတွေက ဆင်အန္တရာယ်ဂရိုစိုက်ဖို့ သတိပေး နှိုးဆော်ထားပါတယ်။ မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024