DVB Logo
Home
မြန်မာသတင်း
ထိုင်းငါးဖမ်းသင်္ဘောတွင် ကျွန်ပြုခိုင်းစေခံရသည့် မြန်မာရေလုပ်သား ၁၁ ဦးကို ကယ်တင်
DVB
·
June 14, 2012
Donate to DVB

ထိုင်းနိုင်ငံ ငါးဖမ်းသင်္ဘောပေါ်မှာ ကျွန်ပြုရောင်းစားခံရနေရတဲ့ မြန်မာအလုပ်သမား ၁၁ ဦးကို ထိုင်းအလုပ်သမား ကူညီရေးအဖွဲ့နဲ့ အာဏာပိုင်တွေက ဇွန် ၁၂ ရက်နေ့မှာ သွားရောက်ကယ်ထုတ်ခဲ့ ပါတယ်။

၁ ရက်ကို နာရီပေါင်း၂၀ ခိုင်းစေခံနေကြရတဲ့ မြန်မာပြည်သား ဗမာနဲ့မွန် အမျိုးသား ၁၁ ဦးကို ထိုင်းတာဝန်ရှိသူတွေက ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်ဘူရီခရိုင် ဆသဟစ်မြို့နယ် ဆမယ်ဆမ်ဒေသ ၀ါးရားဆင် လှေဆိပ်မှာ ဇွန် ၁၂ ရက်နေ့ညက ကယ်ထုတ်ခဲ့တာပါ။

ထိုင်းငါးဖမ်းသင်္ဘောပေါ်မှာ ကျွန်လိုခိုင်းစားခံနေရတယ် ဆိုတဲ့ တိုင်ကြားချက်အရ  အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ အလုပ်သမားဘ၀မြှင့်တင်ရေးကွန်ရက်အဖွဲ့ နဲ့ နယ်မြေခံရဲတွေ ပူးပေါင်း ကယ်ထုတ်ခဲ့တာလို့ အလုပ်သမားဘ၀မြှင့်တင်ရေး ကွန်ရက်အဖွဲ့က တာဝန်ရှိသူ ခွန်ကျူ့က ပြောပါတယ်။

“ဇွန် ၁၂ ရက်နေ့ ည ၇ နာရီလောက်မှာ ကမ်းဆိုက်လာမယ့် ငါးဖမ်းလှေ ၉ စီးထဲက သတင်းအရ မသင်္ကာဖွယ် လှေ ၄ စီးကနေ အလုပ်သမား စုစုပေါင်း ၁၁ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်။ အားလုံးဟာ မြန်မာပြည်က လာတဲ့ မွန်နဲ့ ဗမာလူမျိုး အမျိုးသားတွေဖြစ်ပြီး လှေပေါ်မှာ အနည်းဆုံး ၁ လ ကနေ အများဆုံး ၅ လထိ လုပ်လာခဲ့တာမှာ တနေ့ကို နာရီပေါင်း ၂၀ ကြာ လုပ်ပေးရပြီး ၁၀ ရက်အတွက် လုပ်အားခ ဘတ် ၃၀၀ ရတဲ့သူရှိသလို လုံးဝမရတဲ့ သူတွေလည်း ရှိတယ်။ သူတို့လစာကို လူပွဲစားက ထုတ်သွားတာဖြစ်တယ်။ အလုပ်ကို မနားတမ်းခိုင်းစေတဲ့ အပြင် ရိုက်နှက်ခံရတာ၊ ခြိမ်းခြောက်ခံရတာတွေရှိတယ်။”

ထိုင်းနိုင်ငံရဲ့ လက်ရှိကုန်ဈေးနှုန်းအရ လမ်းဘေးထမင်းဆိုင်မှာ ထမင်း ၁ ပွဲကို ဘတ် ၄၀ ကျသင့်နေပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနက ၁ ရက်ကို ၈ နာရီလုပ်ရင် လုပ်အားခ ၁ ရက် ဘတ် ၂၅၀ ကနေ ဘတ် ၃၀၀ အသီးသီး နေရာအလိုက် ရရှိနေချိန်ဖြစ်ပါတယ်။

ကယ်ဆယ်ထားတဲ့ မြန်မာလုပ်သားတွေကို ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးရေးနဲ့လုံခြုံရေးဌာနက ထိန်းသိမ်းထားပြီး အလုပ်ရှင်ဆီက ရသင့်ရထိုက်တဲ့ အလုပ်သမားခနဲ့ တရားမ၀င်ဝင်ရောက်မှု အမှုစီရင်ပြီးရင် နယ်စပ်ပြန်ပို့မယ် လို့ အလုပ်သမားဘ၀မြှင့်တင်ရေးကွန်ရက်အဖွဲ့က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (ဒီအက်စ်အိုင်) က ဇွန် ၁၃ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

ဒီအက်စ်အိုင် ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး နိုင်းဖားရစ် ဖိုင်းလိတ်က..တန်ဆာခံတွေကို  ဒီမှာအလုပ်လာ လုပ်ဖို့ ဖြားယောင်းခေါ်ဆောင်ခဲ့သူ လူကုန်ကူးသူလို့ ယူဆရတဲ့ အသက် ၃၅ နှစ်အရွယ် မောင်စု ခေါ် နိုင်းချိုင်း၊ အသက် ၂၄ နှစ်အရွယ် နိုင်းချမ်းသာ နဲ့ အသက် ၁၅ နှစ်အရွယ် မောင်နေလင်း စ တဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိကြောင်း၊ ရောင်းစားခံရသူ အလုပ်သမား ၁၁ ဦးဟာ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့ တဦးကို ဘတ် ၂ သောင်း ၃ ထောင်ပေးခဲ့ရပြီး ၇ လထိ အလုပ်လုပ်ပေးမှ အကြွေးကျေမှာဖြစ်တယ်လို့ ဖွင့်ဆိုခဲ့ကြောင်း ပြောကြားခဲ့တယ် လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013