DVB Logo
Home
မြန်မာသတင်း
မန္တ​လေး ချမ်းမြသာစည်​မြို့နယ်​ရှိ ကျူးကျော်များကို ဖယ်ရှားရှင်းလင်း
DVB
·
April 25, 2018
မန္တ​လေး ချမ်းမြသာစည်​မြို့နယ်​ရှိ ကျူးကျော်များကို ဖယ်ရှားရှင်းလင်း
1 / 7
Donate to DVB

 

မန္တ​လေး ချမ်းမြသာစည်​မြို့နယ်​ သံလျှက်​​မော်​​တောင်​ရပ်​ကွက်​ မြို့ပတ်​လမ်း လမ်းလယ်​ကျွန်းမှာ နေထိုင်တဲ့ ကျူး​ကျော်​​နေထိုင်​သူတွေကို ဧပြီ ၂၅ ရက်​ မနက်​မှာ အာဏာပိုင်တွေက ရှင်းလင်းခဲ့ပါတယ်။

မြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီဝင်​တွေ၊ ပြည်​သူ့ ရဲတပ်​ဖွဲ့ဝင်​တွေ၊ စည်​ပင်​ရဲတပ်​ဖွဲ့ဝင်​တွေက လူဦး​ရေ ၂၁၆ ဦး ​ကျောင်းသားဦး​ရေ ၅၅ ဦး ​နေထိုင်​​တဲ့ ကျူးတဲအိမ် ​၅၈ လုံးကို ရှင်းလင်းဖယ်ရှားခဲ့တာပါ။

ကျူးတဲမှာ နှစ်​​ပေါင်း ၂၀ ​ကျော်​ကြာ​နေခဲ့တဲ့ မ​မော်​​မော်​က​ “ကျ​မတို့ တာ​ဘောင်​မှာ​ နေထိုင်​ခဲ့တာ အနှစ် ​၂၀ ​ကျော်​ရှိပါပြီ။ ကျူးတွေကို တိုက်​ခန်း​ပေးမယ်လို့ ဆိုပြီး စာရင်းကောက်​ ခဲ့ပါတယ်​။ ဒါ​ပေမယ့် အိမ်​​ထောင်​စုဇယားမရှိလို့ မှတ်​ပုံတင် ​မရှိလို့ဆိုကာ တိုက်​ခန်းတွေ၊ မရခဲ့ပါဘူး။ စတင်​​ကောက်​ထားတဲ့လူကြီးကို သွား​ပြော​တော့ ​ရေထဲပါသွားပြီ။ လက်​ခံမရှိဘူးလို့​ ပြောပါတယ်​။ အခုလို အခက်​အခဲဖြစ်​တဲ့ မိသားစုဝင်​​တွေကို သက်​ဆိုင်​ရာတာဝန်​ရှိသူများက ကူညီ​ဆောင်​ရွက်​​ပေးနိုင်​ပါ​စေလို့ ဆု​တောင်းလိုက်​ပါတယ်”​လို့ ပြောပါတယ်​။

အမရပူရမြို့်​ပြစီမံကိန်း ထိစပ်​​နေ​တဲ့ မြို့ပတ် ​၆ လမ်းသွား စီမံကိန်း​ဆောင်ရွက်​မယ့် ​ပေ​ပေါင်း ၃၂၀၀ အတွင်းရှိ ကျူး​ကျော်​တဲ ၃၅၆ လုံးကိုရှင်းလင်းခဲ့ရာကျန်​ရှိ​နေတဲ့ကျူး​ကျော်​တဲ ၇၈ လူဦး​ရေ ၂၇၅ ဦးကို ဧပြီလ ၂၄ ရက်​​နေ့​ နောက်​ဆုံးထားဖယ်​ရှား​ပေးဖို့ ကြိုတင်​အသိ​ပေး အ​ကြောင်းကြားထားပြီးသားလည်း ဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013