DVB Logo
Home
မြန်မာသတင်း
နေတိုး၊ သင်ဇာဝင့်ကျော်နှင့် ရတနာမိုင်တို့ ပါဝင်သည့် ‘မုန်းလို့ရရင် မုန်းချင်တယ်’ ရုပ်ရှင်(နမူနာ)
DVB
·
April 24, 2018
နေတိုး၊ သင်ဇာဝင့်ကျော်နှင့် ရတနာမိုင်တို့ ပါဝင်သည့် ‘မုန်းလို့ရရင် မုန်းချင်တယ်’ ရုပ်ရှင်(နမူနာ)
Donate to DVB

ဂီတသမားတဦးရဲ့ အချစ်၊ ဂီတနဲ့ အိမ်ထောင်ရေး ဒရာမာ ဇာတ်လမ်းရုပ်ရှင်ကား တကားဖြစ်တဲ့ ‘မုန်းလို့ရရင် မုန်းချင်တယ်’ ဇာတ်ကားကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ အကယ်ဒမီ ပူပူနွေးနွေးရရှိထားတဲ့ နာမည်ကြီး အမျိုးသားသရုပ်ဆောင် နေတိုးက တေးရေးဆရာတဦးအဖြစ် ပါဝင်ထားပြီး မင်းဦး၊ သင်ဇာဝင့်ကျော်နဲ့ အဆိုတော် ရတနာမိုင်တို့လည်း ခေါင်းဆောင် ပါဝင်ထားပါတယ်။

ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက ၅ ကားမြောက်အဖြစ် စီစဉ်တင်ဆက်လိုက်တဲ့ ဒီဇာတ်ကားဟာ စာရေးဆရာ သက်ဦးမောင်ရဲ့ ဇာတ်လမ်းကို မြမြင့်မိုရ်နဲ့ မိုးနီလွင်တို့က  ဇာတ်ညွှန်းခွဲ ရိုက်ကူးထားခဲ့တာပါ။

ချစ်သူဘဝမှာ ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေနဲ့ အတူဖြတ်သန်းမယ်ဆိုတဲ့ ကတိတွေနဲ့ ရှိခဲ့ပြီးမှ အိမ်ထောင်ရေး ဆိုတဲ့ စည်းတခုထဲ ရောက်သွားချိန်မှာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့တဲ့ ချစ်သူတွေကြားက ပဋိပက္ခတွေကို ဒီဇာတ်လမ်းထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာမယ့် ဧပြီ ၂၇ ရက်မှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။

ရုပ်သံ၊ ဓာတ်ပုံ - မုန်းလို့ရရင်မုန်းချင်တယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013