DVB Logo
Home
မြန်မာသတင်း
ဒေါက်တာဝင်းမြတ်အေး၏ ပြောကြားချက် ကြံ့ခိုင်ရေးပါတီ ပြင်းထန်စွာကန့်ကွက်
DVB
·
April 24, 2018
ဒေါက်တာဝင်းမြတ်အေး၏ ပြောကြားချက် ကြံ့ခိုင်ရေးပါတီ ပြင်းထန်စွာကန့်ကွက်
Donate to DVB

 

NVC ကတ်ကိုင်ဆောင်သူတွေနဲ့ ပတ်သက်ပြီး  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ပြောကြားချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကကြေညာပါတယ်။

ဧပြီ ၁၉ ရက် ရန်ကုန် သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးဒေါက်တာ ၀င်းမြတ်အေးက  NVC ကတ်ကိုင်သူတွေနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးက ပုံစံ (၄) ကိုဖြည့်လိုက်တာနဲ့ ဖြည့်ပြီးရင် သက်ဆိုင်ရာကို အကြောင်းကြားပြီးတော့ သွားချင်တဲ့နေရာကို သွားလို့ရတယ်၊ ဒါဟာ ကိုဖီအာနန်ရဲ့အကြံပြုချက်ကို အကောင်းအထည်ဖော်တာဖြစ်ပြီး နဂိုရှိခဲ့တဲ့ ကန့်သတ်ချက်တွေကို လျော့ချပေးတာလို့ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးအနေနဲ့ ဘယ်လိုကန့်သတ်ချက်တွေကို ဖြေလျော့တယ်ဆိုတာကို ပွင့်လင်းမြင်သာစွာနဲ့ ရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်၊ ခုအခါမှာ ဧည့်စာရင်းတိုင်းကြားမှုကို ပယ်ဖျက်ခြင်းနဲ့အတူ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းပယ်ဖျက်ပြီးဖြစ်လို့ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလွန် စိုးရိမ်ဖွယ်အခြေအနေဖြစ်နေလို့ ကန့်ကွက်တာလို့ ပါတီရဲ့ ဒီကနေ့ ကြေညာချက်မှာဖော်ပြပါတယ်။

ကြံ့ခိုင်ရေး ပါတီရဲ့ ပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကလည်း NVC ကတ်ကိုင်ဆောင်သူတွေကို နိုင်ငံအနှံ့သွားလာခွင့်ပြုမယ့်ကိစ္စကို လာမယ့် လွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆိုတင်သွင်းသွားမယ်လို့လည်း ဒီကနေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပြောပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး UEHRD ဒုဥက္ကဋ္ဌ  ဒေါက်တာဝင်းမြတ်အေးကတော့ NVC ကတ်ကိုင်ဆောင်ပြီး နိုင်ငံအနှံ့သွားလို့ရတယ်ဆိုတာ စိတ်ကူးယဉ်ပြီး ပြောဆိုခဲ့တာမဟုတ်ဘဲ မြန်မာနိုင်ငံ အစိုးရပြဌာန်းထားတဲ့ ဥပဒေနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက တရားဝင်ထုတ်ပြန်ချက်တွေအရ ပြောဆိုခဲ့တာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာမယ့် ထွက်ပြေးဒုက္ခသည်တွေကို မြန်မာအစိုးရအနေနဲ့ စိစစ်လက်ခံပြီး ပထမဆုံး NVC ကတ်ကိုင်ဆောင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

NVC ကတ်ကိုင်ဆောင်သူတွေကို ၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ စစ်ဆေးပြီး အချက်လက်ညီသူတွေဟာ တချိန်မှာ နိုင်ငံသားဖြစ်သွားနိုင်တယ်လို့လည်း ၀န်ကြီးက ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013