DVB Logo
Home
မြန်မာသတင်း
အလုပ်သမားကတ် လုပ်ပေးသည့်စခန်းများ ထပ်ဖွင့်၊ မှတ်ပုံမတင်သည့် အလုပ်ရှင်ကို အရေးယူမည်
DVB
·
April 24, 2018
အလုပ်သမားကတ် လုပ်ပေးသည့်စခန်းများ ထပ်ဖွင့်၊ မှတ်ပုံမတင်သည့် အလုပ်ရှင်ကို အရေးယူမည်
Donate to DVB

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား ၆၀၀၀၀ လောက်အတွက် စာရွက်စာတမ်းမရှိလို့ မှတ်ပုံလာမတင်တဲ့ အလုပ်ရှင်တွေကို အရေးယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့  မှတ်ပုံတင်ခြင်း၊ နေထိုင်ခွင့် သက်တမ်းတိုးခြင်းကိစ္စရပ်တွေကို ပြီးခဲ့တဲ့ မတ်လ ၃၁ ရက် ညသန်းခေါင်အချိန်မှာ အပြီးအစီး လာရောက် လုပ်ကိုင်ရမယ်လို့ သက်ဆိုင်ရာက သတ်မှတ်ထားပေးထားခဲ့တာပါ။

သတ်မှတ်ရက်အပြီးမှာ  မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံတို့က အလုပ်သမားပေါင်း ၁၃၂၀၀၃၅ ဟာ မှတ်ပုံတင်ခဲ့ကြပြီး မပြီးစီးနိုင်တဲ့သူတွေ သိန်းနဲ့ချီ ကျန်ရှိနေပါတယ်။

စာရင်းဇယားတွေအရ မှတ်ပုံတင်လုပ်ဖို့ ကျန်ရှိနေသေးတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက အလုပ်သမားပေါင်း ၄၇၀၀၀၀ (လေးသိန်းခုနှစ်သောင်း) ကျော်ကျန်ရှိနေသေးတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  

ဒါကြောင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက   အဆိုပါပြဿနာကိုဖြေရှင်းတဲ့အနေနဲ့ တနေရာတည်းအပြီး အထောက်အထားပြုလုပ်ပေးခြင်းစခန်း (One Stop Service Center)  တွေကို ယမန်နေ့ ဧပြီ ၂၃ ရက်မှ ဇွန် ၃၀ ရက်ထိ ဒုတိယအကြိမ် ဖွင့်လှစ် ဆောင်ရွက်ပေးသွားမယ်လို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ OSSC စခန်းတွေမှာ ဘန်ကောက် ၄ နေရာ (အလုပ်သမားဝန်ကြီးရုံး ဒင်းဒဲန်းနယ်မြေ၊ ဟော်လဲန်ပါ့က် ဘန်ခဲနယ်မြေ၊ ဘန်ဖလပ်နယ်မြေ၊ ပရဝေ့နယ်မြေ) နဲ့ ကျန်တဲ့ ခရိုင်အသီးသီးအပါအ၀င် OSSC စခန်းပေါင်း  ၈၀ ဖွင့်လှစ်ထားရှိကာ တနေရာကို တစ်နေ့လျှင် အလုပ်သမားပေါင်း ၈၀၀ ဦးအတွက် ပြီးစီးအောင် ဆောင်ရွက်ပေးဖို့ စီစဉ်ထားတာကြောင့် ဒီတခါတော့ အားလုံးပြီးမြောက်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီး ဗိုလ်ချုပ်ကြီး အဒွန်း ဆဲန်ဆင်ကယောက်က ယမန်နေ့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။  

ပြီးခဲ့တဲ့ မတ်လကုန်က မှတ်ပုံတင် လာရောက်ဆောင်ရွက်သူ ရွှေ့ပြောင်းအလုပ်သမားဦးရေ စုစုပေါင်း ၄၇၉၂၉၉ ဦးရှိပြီး အဲဒီထဲမှာ ဘန်ကောက်နယ်မြေမှ ၁၅၈၀၁၁ ဦး၊ အခြားခရိုင်မှ ၃၂၁ ၂၈၈ ဦးရှိကြာင်း၊ နိုင်ငံသားစိစစ်ပြီးစီး အလုပ်သမားပေါင်းမှာ ၃၀၀၀၇၂ ဦးရှိပြီး အဲဒီထဲမှာ ဘန်ကောက် ၁၂၀၆၉၂ ဦး အခြားခရိုင်မှ ၁၇၉၃၈၀ ဦးရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံသားစိစစ်ဖို့ ကျန်ရှိနေသူတွေမှာ ၁၇၉၂၂၇ ဦးရှိပြီး ဘန်ကောက် ၃၇၃၁၉ ဦး နဲ့ ကျန်ခရိုင် ၁၄၁၉၀၈ ဦးတို့ဖြစ်ကြောင်း MCOT ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်း ရွှေ့ပြောင်းအလုပ်သမား ဥပဒေသစ်အရ အလုပ်ရှင်အနေနဲ့ တရားမ၀င်အလုပ်သမား တဦးစီအတွက် ဒဏ်ငွေ ထိုင်းဘတ် လေးသိန်းမှ ရှစ်သိန်းအထိ ပေးဆောင်ရမှာဖြစ်ပြီး အလုပ်သမားတွေကတော့ ထောင်ဒဏ် ၅ နှစ်ကျခံရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013