DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့တွင် ဖုန်းဆိုင်မှ ဖောက်ထွင်းခိုးယူသူများအား ၂၄ နာရီအတွင်း ဖမ်းမိ
DVB
·
April 24, 2018
ညောင်လေးပင်မြို့တွင် ဖုန်းဆိုင်မှ ဖောက်ထွင်းခိုးယူသူများအား ၂၄ နာရီအတွင်း ဖမ်းမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဧပြီ ၂၃ ရက် ညနေ ၆ နာရီလောက်က ဖုန်းပစ္စည်းအရောင်းဆိုင်မှ ဖောက်ထွင်းခိုးယူသူတွေကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။

ညောင်လေးပင်မြို့ မြို့မ (၄)ရပ်ကွက် မန္တလေးလမ်းရှိ "လေလှိုင်း" လျှပ်စစ်ပစ္စည်းဆိုင် ပိုင်ရှင်က ဆိုင်ဖွင့်ဖို့ပြုလုပ်ရာမှာ ဆိုင်ရဲ့ အနောက်ဘက် သံတံခါးမှာပွင့်နေပြီး ဖုန်းတွေ၊ ဖုန်းငွေဖြည့်ကတ်တွေ၊ ငွေစက္ကူရောရာနဲ့ လျှပ်စစ်ပစ္စည်းတွေ ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့တဲ့အတွက် ဧပြီ ၂၂ ရက် ညနေပိုင်းက မြို့မရဲစခန်းမှာ ပျောက်ဆုံးပစ္စည်း စာရင်းနဲ့ တိုင်ကြားခဲ့တာပါ။

မြို့မရဲစခန်းမှူး ဒုရဲမှူး ဌေးဝင်းက “CCTV မှတ်တမ်းတွေကို စစ်ဆေးတဲ့အခါမှာ တရားခံ ၂ ဦး ပုံရိပ်တွေကိုတွေ့ရပြီး နယ်ထိန်းအဖွဲ့တွေနဲ့ သတင်းရဖို့ ဖြန့်ကြက်ရှာတဲ့အခါ ၂၃ ရက်နေ့ နေ့ခင်းမှာ ဖုန်းပစ္စည်းတွေကို ကိုင်တွယ်သုံးစွဲနေတယ်ဆိုတဲ့ သတင်းတွေရတယ်။ တာဝန်မှူးနဲ့ နယ်ထိန်းအဖွဲ့တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးပစ္စည်းတွေအပ်နှံပေးဖို့ စည်းရုံးပြီး သူတို့နှစ်ဦးရှိတဲ့နေရာကို ဒေသခံတွေ ကူညီပေးတဲ့အတွက် အလွယ်တကူသွားရောက် ဖမ်းဆီးနိုင်ခဲ့တာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ညောင်လေးပင်မြို့ ကြိုးကြာကွင်းကျေးရွာနေ နေမျိုးအောင်နဲ့ သန့်ဇင်အောင်တို့ကို ပျောက်ဆုံးပစ္စည်း သိန်း ၄၀ ကျော်တန်ဖိုးနဲ့ အတူ ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး နေမျိုးအောင်နဲ့ သန့်ဇင်အောင်တို့ ၂ ဦးကို ညောင်လေးပင် မြို့မရဲစခန်းက (ပ)၁၉၂ /၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ကာ ဖမ်းဆီးထား ရှိတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013