DVB Logo
Home
မြန်မာသတင်း
ထိန်ပင် အမှိုက်ပုံ မီးငြှိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂ ဆကျော်တိုးမြှင့် (ရုပ်သံ)
DVB
·
April 24, 2018
ထိန်ပင် အမှိုက်ပုံ မီးငြှိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂ ဆကျော်တိုးမြှင့် (ရုပ်သံ)
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်အနီး အမှိုက်ပုံမှာ လောင်ကျွမ်းနေတဲ့ မီးလောင်မှုကို မီးသတ်ယာဉ်နဲ့ တပ်ဖွဲ့ဝင်အင်အား ၂ ဆကျော်တိုးမြှင့်ပြီး ငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ထိန်ပင်သုသာန်နားက ဧက ၃၀၀ လောက်ရှိတဲ့ အမှိုက်ပုံဟာ လွန်ခဲ့တဲ့ ၃ ရက်၊ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက စလို့  ဒီကနေ့ထိ မငြိမ်းသေးဘဲ မီးလောင်နေခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၂၄ စီး၊ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်ပေါင်း ၁၅၀ နဲ့ ငြှိမ်းသတ်နေရာက ဒီနေ့မှာတော့ မီးငြှိမ်းသတ်ယာဉ် ၁၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၄ စီး၊ မီးသတ်အထောက်အကူပြုယာဉ် ၆ စီး၊ အုပ်ချုပ်မှုယာဉ် ၆ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ မိတ်ဖက်ယာဉ် ၄ စီး၊ စုစုပေါင်း ၄၇ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၁၃ ယောက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၁ ယောက်၊ စုစုပေါင်း ၃၂၄ ယောက်နဲ့ ငြှိမ်းသတ်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိအချိန်အထိ ဧက ၁၀၀ လောက် မီးလောင်နေတာကြောင့် မီးခိုးတွေ အဆမတန် ထွက်နေပြီး မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ တခြားလေလလမ်းကြောင်း သင့်ရာ မြို့နယ်တွေမှာ မီးခိုးညှော်နံ့တွေ ဖြစ်နေပါတယ်။

ဒါကြောင့် အသက်ရှူကျပ်တဲ့ လူနာ ၆၀ လောက်ကို ညတွင်းချင်း အရေးပေါ် ဆေးကုသပေးခဲ့ရပြီး လူ ၁၀ ယောက်ထက်မနည်း လှိုင်သာယာဆေးရုံကို တင်လိုက်ရတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

ရုပ်သံ - Myanmar Fire Services Department

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013