DVB Logo
Home
မြန်မာသတင်း
လွတ်ငြိမ်းချမ်းသာခွင့်တွင် အမျိုးသားရေးသမားများမပါသည့်အပေါ် ကြံ့ခိုင်ရေးပါတီဝေဖန်
DVB
·
April 24, 2018
လွတ်ငြိမ်းချမ်းသာခွင့်တွင် အမျိုးသားရေးသမားများမပါသည့်အပေါ် ကြံ့ခိုင်ရေးပါတီဝေဖန်
Donate to DVB

မြန်မာ့နှစ်သစ်ကူး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အမျိုးသားရေးသမားတွေ မပါလာတဲ့အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝေဖန်လိုက်ပါတယ်။

အစိုးရဖြုတ်ချရေးဆန္ဒပြခဲ့လို့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်ခွဲချမှတ်ခံထားရတဲ့ မန္တလေးအမျိုးသားရေး သပိတ်ဦးဆောင် သံဃာ ၆ ပါးဟာ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရာမှာ ပါမလာတာဟာ တရားမျှတမှု မရှိဘူးလို့ ကြံ့ခိုင်ရေးပါတီက ဝေဖန်လိုက်တာပါ။

ရန်ကုန်မြို့မှာ ဧပြီ ၂၄ ရက်မနက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဝေဖန်လိုက်တာပါ။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သာသနာ ၂၅၀၀ ဗိမာန်ဝန်းအတွင်း အစိုးရကို ကန့်ကွက်ကြောင်း သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လမှာ အစိုးရကိုအကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅)(ခ)နဲ့ သာသနာရေးက တရားလို ပြုလုပ်ပြီး ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ တရားစွဲခဲ့တာပါ။

အမှုရင်ဆိုင်ပြီး ၄ လလောက်အကြာ ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာမှာ ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ အမိန့်ချမှတ်ခဲ့တာပါ။

သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013