DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် ဆန်စပါးနှင့် သားငါးထုတ်လုပ်တင်ပို့မှု စံချိန်တင်တိုးတက်လာ
DVB
·
April 24, 2018
အန်အယ်လ်ဒီအစိုးရလက်ထက် ဆန်စပါးနှင့် သားငါးထုတ်လုပ်တင်ပို့မှု စံချိန်တင်တိုးတက်လာ
Donate to DVB

 

အန်အယ်လ်ဒီအစိုးရသက်တမ်း ၂နှစ်တာကာလအတွင်းမှာ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှုမှာ ထူးထူးခြားခြား နှစ်ပေါင်း၇ဝ အတွင်း စံချိန်ချိုးခဲ့သလို  ငါးတင်ပို့မှုကလည်း နှစ်ပေါင်း ၂ဝ အတွင်း ပြည်ပသို့ စံချိန်တင်ပို့ နိုင်ခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြောပါတယ်။

အစိုးရသက်တမ်း နှစ်နှစ်တာကာလအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ခုလိုဖော်ပြ ထားတာပါ။

၂ဝ၁၆- ၂ဝ၁၇ ခုနှစ်မှာ နွေစပါး၊ မိုးစပါး စိုက်ဧက သန်းပေါင်း ၁၇ ဒသမ ၆၉၅ စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းပေါင်း ၁၃၂၇ ဒသမ ၂၃ သန်း ထုတ်လုပ်နိုင်ခဲ့သလို ဆန်မက်ထရစ်တန် ၁ ဒသမ ၇၄၇ သန်း ပြည်ပကို တင်ပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာတော့  ၂ဝ၁၈ ဖေဖော်ဝါရီအထိ နွေစပါး၊မိုးစပါးစိုက်ဧက သန်းပေါင်း ၁၇ ဒသမ ၂၈၂ စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းပေါင်း ၁၁ဝ၅ ဒသမ ၃၅၆ သန်း ထုတ်လုပ်ခဲ့တယ်၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ၂ဝ၁၈ မတ်လအထိ ပြည်ပကို ဆန်မက်ထရစ် တန် ၃ ဒသမ ၅၁၈ သန်း တင်ပို့နိုင်ခဲ့တဲ့အတွက် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်ထက် ပြည်ပကို ဆန်တင်ပို့မှု နှစ်ဆလောက် တိုးမြှင့်တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သားငါးထုတ်ကုန်ကဏ္ဍမှာလည်း တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း ၂၇ မှ ငါးသားပေါက်ကောင်ရေ သိန်းပေါင်း ၁၂၅၉၁ သိန်းအထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့တယ်၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ နိုင်ငံပေါင်း ၄ဝ ကျော်သို့ ၂ဝ၁၈ မတ်လအထိ ငါးတန်ချိန် ၅၆၈၂၂၇ ဒသမ ၃၂၇ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၁၁ ဒသမ ၇၁၇ သန်း ရခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးမှာ လယ်ယာကဏ္ဍက ၁၈ ဒသမ ၉ ရာခိုင်နှုန်းနဲ့  သားငါးကဏ္ဍ ၈ ဒသမ ၂ ရာခိုင်နှုန်းပါဝင်ပြီး နှစ်စဉ် နိုင်ငံဂျီဒီပီရဲ့ ၂၅ ရာခိုင်နှုန်းလောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။

တိုင်းပြည်ဝင်ငွေရဲ့ ၃ဝ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးတဲ့ စိုက်ပျိုးရေးကဏ္ဍဟာ ပြီးခဲ့တဲ့နှစ်က ရာသီဥတုကောင်းတဲ့အတွက် ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)ကလည်း ထုတ်ပြန်ထားပါတယ်။

အစိုးရသစ်ရဲ့ ဒုတိယနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်းမြန်ဆန်လာရတာက လယ်ယာ စိုက်ပျိုးရေး ကဏ္ဍအခြေအနေတိုးတက်လာပြီး ပို့ကုန်တွေလည်း တိုးတက်လာလို့ဖြစ်တယ်လို့ လည်း (အေဒီဘီ) အစီရင်ခံစာက ဆိုထားပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013