DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့အနောက်ဘက် တောင်တန်းတွင် တောမီးလောင်
DVB
·
April 24, 2018
မင်းပြားမြို့အနောက်ဘက် တောင်တန်းတွင် တောမီးလောင်
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနောက် ၂ ဖာလုံကွာဝေးတဲ့ ဆင်ကြီးပြင်ရွာ တောင်ကျော်လမ်းအနီးမှာ ဒီကနေ့ ညနေပိုင်းစလို့ တောမီးလောင်မှုတွေ ဖြစ်ပွားနေပါတယ်။

ဒီကနေ့ ညနေပိုင်း ၆ နာရီကျော်လောက်မှာ မီးစလောင်တာလို့ ခန့်မှန်းရပြီး မီးဟာ ၆ ဧကနီးပါးအထိ လောင်ကျွမ်းသွားပြီလို့  မင်းပြားအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက မနေ့ ည ၈ နာရီခွဲလောက်မှာ ဒီဗွီဘီကို ပြောပါတယ်။

“မင်းပြားမြို့ရဲ့ ကျိန်းတောင်အနောက်ဘက်မှာပါ။ ဆင်ကြီးပြင်ရွာအနီး လောင်နေတာပါ။ ညနေ ၆ နာရီလောက် စလောင်တာ ထင်တယ်။ လောင်နေတာ ၅ ဧက ကျော် ၆ ဧက လောက်ရှိနေပြီ။ အခုတော့ မီးက နည်းနည်းငြိမ်းသွားပြီ။ စိုးရိမ်စရာ မရှိတော့ပါဘူး။ မီးက ငြိမ်းသွားပြီလို့ ပြောလို့ရပါတယ်”လို့ ပြောပါတယ်။

တောမီး စတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ သဘာဝအတိုင်း လောင်ကျွမ်းတဲ့ တောမီးလား၊ ရှို့မီးကြောင့်လား ဆိုတာကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

မင်းပြားအုပ်ချုပ်ရေးမှူးကတော့ လောလောဆယ်တော့ ဘယ်သူတွေ မီးရှို့ခဲ့တယ်ဆိုတာ မသိရသေးဘဲ မီးရှို့တဲ့သူတွေကို ဆက်လက်စုံစမ်းဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

သတင်း- ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ညီညီအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013