DVB Logo
Home
မြန်မာသတင်း
နမ္မတူ စစ်ဘေးရှောင်ဒုက္ခသည်အချို့ နေရပ်ပြန်
DVB
·
April 23, 2018
နမ္မတူ စစ်ဘေးရှောင်ဒုက္ခသည်အချို့ နေရပ်ပြန်
1 / 5
Donate to DVB

 

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်မှ စစ်ဘေးရှောင်တချို့ဟာ ဒီနေ့ နေရပ်ကို စတင်ပြန်သွား ကြပြီလို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့လတွေက ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်)တပ်ဖွဲ့နဲ့ တအာင်း လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ကြလို့ အနီးအနားရွာတွေက ဒေသခံတွေ နမ္မတူမြို့ပေါ်ကို တိမ်းရှောင်ခိုလှုံနေခဲ့ရတာပါ။

ပန်ဆော့၊ ပန်ကွပ်၊ နာတီး၊ မိုင်းဟွေ စတဲ့ရွာကလူတွေ ထွက်ပြေးခဲ့ရတာ ဖြစ်ပြီး ဒီနေ့မှာတော့ ပန်ကွပ်ရွာသားတချို့ သူတို့ရွာကို ပြန်ကြတာလို့ နမ္မတူမြို့နယ်၊ တအာင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအိုက်ထိုက်ကပြောပါတယ်။

“အရင်ကတော့ ဒီရွာမှာ ရွာသား ၂၀၀ လောက်ရှိတယ်။ အခု ပထမ အသုတ်ပြန်လာတာကတော့ ၆၀ ပေါ့။ နောက်ထပ်လည်း လာကြဦးမယ်။ အခု အိမ်တွေ ရှင်းနေကြတယ်”

နေရပ်ပြန် ရွာသားတွေကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပရဟိတအဖွဲ့တွေနဲ့ ကူညီပေးနေသူ ရဟန်းသံဃာတွေလည်း လိုက်ပါပို့ပေးခဲ့ကြပါတယ်။

ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကူညီပေးသူတယောက်က “အိမ်တွေ ဖျက်ခံထားရတာ ရှိတယ်။ ဘယ်သူ ဖျက်တာလည်းတော့ မသိဘူးပေါ့။ ကြက်တွေ၊ ဝက်တွေလည်း မရှိတော့ဘူး။ ဒီနေ့မှာတော့ နောက်ထပ်ရောက်လာသူတွေနဲ့ ပေါင်းရင် လူ ၈၀ လောက် ပြန်ရောက်နေပြီ။ သူတို့ကလည်း ကိုယ့်အိမ်ကိုပဲ ပြန်ချင်ကြတာလေ” လို့ ပြောပါတယ်။

ရွာသား​တွေဟာ ​နေရပ်​စွန့်​ခွာခဲ့ရတာ တလခွဲကြာခဲ့ပြီဖြစ်​ပြီး သူတို့ရွာပြန်နိုင်အောင် ချိတ်ဆက်ကူညီပေးခဲ့တဲ့ မန်ဆန်ရွာ အုပ်ချုပ်ရေးမှူးကတော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ရတယ်လို့ ပြောပါတယ်။

ရွာမှာပြန်နေမယ့်သူတွေအနေနဲ့ တောင်ယာမခုတ်ဖို့အပါအ၀င် လက်နက်ကိုင်အဖွဲ့တွေ သတ်မှတ်ပေးတဲ့ စည်းကမ်းတချို့ကို လိုက်နာရမှာ ဖြစ်တယ်လို့  ကူညီပေးသူတယောက် ကပြောပါတယ်။

လက်ရှိမှာ ဒီရွာသားတွေ ပြန်ကြပေမယ့် နမ္မတူမြို့နယ်ထဲမှာ စစ်ဘေးရှောင် ၈၀၀  လောက်ကျန်နေပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက နမ္မတူမြို့နယ်မှာ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) နဲ့ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ)တို့ တိုက်ပွဲ ဖြစ်ခဲ့တဲ့အတွက် အနီးအနားရွာတွေက ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေ  ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013