DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာလုပ်သား ၁ဦး ခေါင်မိုးတက်ပြင်ရာမှ ဓာတ်လိုက်ပြုတ်ကျ၊ ဒဏ်ရာပြင်းထန်  
DVB
·
April 23, 2018
မဲဆောက်တွင် မြန်မာလုပ်သား ၁ဦး ခေါင်မိုးတက်ပြင်ရာမှ ဓာတ်လိုက်ပြုတ်ကျ၊ ဒဏ်ရာပြင်းထန်  
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ မန့မနက်က မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး ခေါင်မိုးတက်ပြင်ရင်း ဓာတ်လိုက်ပြီး အောက်ကိုပြုတ်ကျခဲ့တယ်လို့  ခေါဝ်ဆွတ်ထိုင်း သတင်းမှာ ဖော်ပြပါတယ်။

မနေ့မနက် ၉ နာရီလောက်က  မဲဆောက်မြို့လည် မဲဆောက်-တာ့ခ် သွား လမ်းမကြီးဘေးက အိမ်တစ်အိမ်မှာ လူတယောက် ဓာတ်လိုက်ခံရပြီး အမြင့်ပေါ်က ပြုတ်ကျလာကြောင်း သတင်းအရ သက်ဆိုင်ရာအုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ မဲဆောက်ဆေးရုံ အရေးပေါ် လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်ကူညီခဲ့တယ်လို့  ကယ်ဆယ်ရေး အဖွဲ့ဝင်က သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ရောက်ရှိသွားချိန် နှစ်ထပ်တိုက်အိမ်ယာ အိမ်တအိမ်ရှေ့ ဆင်ဝင်အောက်မှာ ကျိုးပဲ့နေတဲ့ အုတ်ကြွတ်ပုံတွေကြား မီးလောင်ဒဏ်ရာတွေ ၊ အကျီစတွေ အသားထဲကပ်ဝင်နေပြီး သတိလစ်နေသူ အသက် ၂၀ ရွယ် လူရွယ်တစ်ဦးကို တွေ့ရတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့က သတိလစ်နေတဲ့ လူရွယ်ကို ရှေးဦးသူနာပြုစုနည်းနဲ့ ဦးစွာပြုစုပြီးမှ လူနာသတိရလာတဲ့အခါ မဲဆောက်ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပေးခဲ့ပါတယ်။

စစ်ဆေးမေးမြန်းချက်အရ အဆိုပါလူရွယ်ဟာ လှမျိုးအောင် ( ၂၀ နှစ် ) ဖြစ်ပြီး အဲဒီနေ့က မြန်မာအလုပ်သမား ၃ ယောက် ပြုပြင်ဆဲ နေအိမ်တစ်လုံး ခေါင်မိုးဖာဖို့ လုပ်နေကြောင်း ၊  လှမျိုးအောင်က ၅ မီတာအမြင့်ရှိတဲ့ ခေါင်မိုးပေါ်တက်သွားပြီး ကျန်နှစ်ယောက်က အောက်ကနေ အုတ်ကြွတ်တွေ လှမ်းပေးနေကြောင်း ၊ ခေါင်မိုးအောက်မှာ မီးကြိုးတွေ သွယ်တန်း ထားတဲ့အတွက် လှမျိုးအောင်က အုတ်ကြွတ်တွေအလွယ်တကူခွါနိုင်ဖို့ မီးကြိုးကိုယူကာ သူ့ကိုယ်ကို ပတ်လိုက်တဲ့အခါမှာ ဓာတ်လိုက်ခံရတာဖြစ်ကြောင်း ၊ ဓာတ်လိုက်ခံရတော့ သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ အောက်ကို ပြုတ်ကျသွားခဲ့တာလို့ လုပ်ဖော်ကိုင်ဘက်အ လုပ်သမားတွေက ပြောပါတယ်။

လှမျိုးအောင်မှာ ဖိနပ်စီးထားခြင်းမရှိတဲ့အပြင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး အကာအ ကွယ်တစုံတရာမပါဘဲ အလုပ်လုပ်တဲ့အတွက် အခုလိုမတော်တဆဖြစ် ဒဏ်ရာပြင်းစွာရခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013