DVB Logo
Home
မြန်မာသတင်း
ဒုရဲမှူးမိုးရန်နိုင်နှင့် မိသားစုဝင်များ တွေ့ဆုံခွင့်ရရှိရေး ကော်မရှင်တိုက်တွန်း
DVB
·
April 23, 2018
ဒုရဲမှူးမိုးရန်နိုင်နှင့် မိသားစုဝင်များ တွေ့ဆုံခွင့်ရရှိရေး ကော်မရှင်တိုက်တွန်း
Donate to DVB

 

ဖမ်းဆီးခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင်နဲ့ သူ့ရဲ့ မိသားစုဝင်တွေ တွေ့ဆုံခွင့်ရရှိရေးအပါအဝင် အခြေခံလူ့အခွင့်အရေးတွေ ထိခိုက်မှုမရှိစေရေး လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ဖို့  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်း လိုက်ပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦးတို့နဲ့ ဒုရဲမှူး မိုးရန်နိုင်တို့ကို ဖမ်းဆီး ထားတဲ့ အမှုဖြစ်စဉ်မှာ ဒုရဲမှူး မိုးရန်နိုင်နဲ့ သူ့ရဲ့ မိသားစုဝင်တွေ လူ့အခွင့်အရေး ထိခိုက်နစ်နာမှု မရှိစေရေး ဆောင်ရွက်ပေးပါဖို့  မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) က ဧပြီ ၂၃ရက်မှာ ကော်မရှင်ထံသို့ စာပေးပို့ တိုင်ကြားခဲ့ပါတယ်။

အဆိုပါတိုင်တန်းချက်နဲ့ပတ်သက်ပြီး ဒီကနေ့မနက်ပိုင်းက  ကျင်းပတဲ့ ကော်မရှင် မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒီကိစ္စ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနသို့  အကြောင်းကြား ထားတယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ဒုရဲမှူးမိုးရန်နိုင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်  အခုချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရှိသေးတာကြောင့် ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ကြုံတွေ့နေရမှာကို စိုးရိမ်တယ်လို့ မိသားစုဝင်တွေကမနေ့က မန္တလေးမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မီဒီယာတွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013