DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 23, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၃,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၈,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၅,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၆,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အသစ် တအိတ်ကို ၂၈,၅၀၀ ကျပ်ကနေ ငွေကျပ် ၃၃,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းပြာ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲလွမ်းပြာက ၅၄.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၄၅,၀၀၀ ကျပ်ကနေ ၄၇,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၅၀,၁၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၃,၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၆၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တအိတ်ကို ငွေကျပ် ၆၆,၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ဈေးကွာခြားမှု မရှိပါဘူး။

စီပီပြောင်း
ပြောင်းအဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ငွေကျပ် ၃၁,၉၀၀ ကနေ ၃၃,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီ အဓိကထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၄၀၀ ကျပ်ကနေ ၅၇၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၄၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄၀၀ ကျပ်ကနေ ၆၂၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၅၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ကြက်သွန်နီကတော့ သင်္ကြန်ပြီးကတည်းက ဈေးဆက်တိုက် ကျဆင်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက ဈေးက တဖြည်းဖြည်း ကျဆင်းနေခဲ့မယ့် လက်ရှိမှာ ကြက်သွန်နီအသစ်တွေ ဆက်တိုက်ဝင်ရောက်နေပြီး သင်္ကြန်ကာလအတွင်း တောင်သူတွေ အများအပြား ထုတ်ရောင်းတာကလည်း ဈေးကွက်မှာ အရောင်းများပြီး အဝယ်နည်းကာ အကျဘက်ကို ရောက်နေခဲ့တာလည်း ဖြစ်ပါတယ်။ သင်္ကြန်ကာလ ပြီးကတည်းက ယနေ့အချိန်ထိ တပိဿာကို ၁၀၀ ကျပ်နီးပါး ဈေးကျဆင်းသွားခဲ့ပါတယ်။

ကြက်သွန်နီ (မြစ်သာ၊ ဆိပ်ဖြူ၊ မြင်းခြံ၊ ပခုက္ကူ)အမျိုးအစားတို့က တပိဿာကို ၄၀၀ ကျပ်ကနေ ၁,၂၀၀ ကျပ်အထိ အမြင့်ဆုံးပေါက်ဈေး ရှိနေပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013