DVB Logo
Home
မြန်မာသတင်း
ငပလီဆင်ဘေးမဲ့စခန်း ပြည်တွင်းပြည်ပ လာရောက်လည်ပတ်မှု ယခင်နှစ်ကထက်များပြား
DVB
·
April 23, 2018
ငပလီဆင်ဘေးမဲ့စခန်း ပြည်တွင်းပြည်ပ လာရောက်လည်ပတ်မှု ယခင်နှစ်ကထက်များပြား
1 / 6
Donate to DVB

 

ရခိုင်ပြည်နယ်က ငပလီဆင်ဘေးမဲ့စခန်းကို လာရောက်လည်ပတ်တဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ အရင်နှစ်ကထက် ၀င်ရောက်မှုပိုများလာတယ်လို့ ဆင်စခန်းက သိရပါတယ်။

ဆင်စခန်းကို ပြီးခဲ့တဲ့နှစ်က လာရောက်လည်ပတ်တဲ့ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်တွေ ၆၈၀ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၈၀၀ ကျော်အထိ ရှိလာနေတယ်လို့ ဆင်ဘေးမဲစခန်းက မန်နေဂျာ ဦးအောင်အောင်က ပြောပါတယ်။

အဲ့ဒီဆင်စခန်းဟာ ငပလီကမ်းခြေ သံတွဲချောင်းအထက်မှာတည်ရှိပြီး သံတွဲကနေ ၁၅ မိုင်ခန့်ကွာဝေးပါတယ်။ ဒီလိုဆင်စခန်းကိုရောက်ဖို့အတွက်တော့ ကားတွေတဆင့်ရော လှေတွေနဲ့ တဆင့်ပါသွားရတာ ဖြစ်ပြီး ၄၅ မိနစ်လောက်ကြာမြင့်ပါတယ်။

အဆိုပါဆင်စခန်းအပန်းဖြေခရီးကို မနက် ၁၀ နာရီလောက်မှာ သွားရောက်လည်ပတ်လေ့ရှိပြီး  နေ့လယ် ၃ နာရီမှာ သံတွဲ၊ ငပလီကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ညအိပ်တည်းခိုဖို့ စီစဉ်ထားတာ မရှိဘဲ နေချင်းပြန် သွားရောက် လည်ပတ်ကြတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ လျှော့ချလိုက်တဲ့အတွက် အလုပ်လက်မဲ့ ဖြစ်နေတဲ့ ဆင်တွေကို ခရီးသွားလုပ်ငန်းတွေမှာ အသုံးပြုလာရတာလို့ ဆိုပါတယ်။ အခု ဒီဆင်စခန်းမှာ  ဆင် ၇ ကောင်ရှိပြီး ဆင်ပေါက်ကလေးတွေ ၂ ကောင်ရှိပါတယ်။

ဆင်တွေကို သက်သောင့်သက်သာဖြစ်ရေးအတွက် အရင်ကလို ဆင်တွေမှာ ပုခတ်တွေ အသုံးမပြုတဲ့အပြင် နေ့စဉ်ခရီးသည်တွေ အရေအတွက်ကိုလည်း ကန့်သတ်ပြီး ဆင်စခန်းကိုသွားကြပါတယ်။ ဒီဆင်စခန်းကို ပြီးခဲ့တဲ့ ၂၀၁၂ နှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013