DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ ထိန်ပင်သုဿန်အနီး အမှိုက်ပုံကြီးမီးလောင်၊ မီးခိုးညှော်နံ့များ ဖြစ်ပေါ်နေ
DVB
·
April 23, 2018
လှိုင်သာယာ ထိန်ပင်သုဿန်အနီး အမှိုက်ပုံကြီးမီးလောင်၊ မီးခိုးညှော်နံ့များ ဖြစ်ပေါ်နေ
1 / 5
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုဿန်အနီးရှိ ဧရိယာစတုရန်းဧက ၃၀၀ ခန့်ရှိတဲ့ အမှိုက်ပုံဟာ ဧပြီ ၂၁ရက်နေ့ မွန်းလွဲပိုင်းကတည်းက ဒီကနေ့ထိ  မီးလောင်မှု ဖြစ်ပွားနေပါတယ်။

လက်ရှိအချိန်အထိ ဧရိယာစတုရန်းဧက ၁၀၀လောက် မီးလောင်နေတာကြောင့် မီးခိုးတွေ အဆမတန်ထွက်ရှိနေပြီး အဆိုပါမီးခိုးတွေဟာ လေလမ်းကြောင်းအတိုင်း မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နဲ့ အခြားလေလမ်းကြောင်းသင့်ရာ မြို့နယ်တွေမှာ မီးခိုးညှော်နံ့များ ဖြစ်ပေါ်နေတယ်၊ ဒါပေမယ့် မိဘပြည်သူတွေ စိုးရိမ်ထိတ်လန့်မရှိစေဖို့ မီးသတ်ဌာနက  အသိပေးထုတ်ပြန်ထားပါတယ်။

မီးလောင်နေတဲ့ အမှိုက်ပုံကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၁၂စီး၊ မီးသတ်ရေသယ်ယာဉ် ၁၂စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၂၄စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀ဦးနဲ့  ကြိုးစားငြှိမ်းသတ်နေတယ်လို့သိရပါတယ်။

ဓာတ်ပုံ - Myanmar Fire Services Department

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013