DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ကဆုန့်ရွာသား  ၈၀၀ ခန့် နမ္မတီးတွင် ထွက်ပြေးခိုလှုံ
DVB
·
April 23, 2018
တိုက်ပွဲကြောင့် ကဆုန့်ရွာသား  ၈၀၀ ခန့် နမ္မတီးတွင် ထွက်ပြေးခိုလှုံ
1 / 4
Donate to DVB

 

ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်နဲ့ ၁၃ မိုင်လောက်ဝေးတဲ့ ကဆုန့်ရွာမှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် နမ္မတီးကို လူပေါင်း ၈၀၀လောက် ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။

ရွာသားတွေက သူတို့ရွာမှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျည်ကျတာကြောင့် နမ္မတီးကို ထွက်ပြေးတိမ်းရှောင်လာတာလို့ သိက္ခာတော်ရဆရာကြီး ဒေါက်တာဆမ်ဆွန်ခလမ်ကပြောပါ တယ်။

“ကဆုန့်က အားလုံး ၇၇၀ ကို နေရာ ၃ ခုမှာ ကျနော်တို့ နေရာချထားပေးပါတယ်။ နမ္မတီးမှာလေ။ ကတ်သလစ်ကျောင်း၊ ကေဘီစီကျောင်းမှာ အားလုံး ကဆုန့်က ရွာသူရွာသားတွေ ရောက်နေပါပြီ။ မနေ့က နောက်ဆုံးရောက်တဲ့အသုတ် ၁၇၈ ယောက်၊ ရောက်တယ်။ သူတို့ရွာမှာ တိုက်ပွဲတွေဖြစ်တဲ့ ရှောင်ပြေးကြတာပေါ့။ လက်နက်ကြီးတွေ၊ လေယဉ်တွေလာတော့ သူတို့ကြောက်လို့ ထွက်ပြေးခြင်းဖြစ်တယ်။”

ထွက်ပြေးလာတဲ့လူပေါင်း ၈၀၀ ခန့်ဟာ ကဆုန့်နဲ့ဆွမ်မိုင်ဆိုတဲ့ရွာတွေကနေ ထွက်ပြေး တမ်းရှောင်လာကြတာဖြစ်ပြီး လက်ရှိမှာတော့ လူမှုအဖွဲ့အစည်းနဲ့ ဘာသာရေးအဖွဲ့အစည်းတွေ က စားရေးသောက်ရေးအတွက် ကူညီပေးနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၁ ရက်နေ့ကလည်း ကဆုန့်ရွာမှာ မြန်မာ့တပ်မတော်က အင်အား ၃၀၀ လောက်နဲ့ဝင်ရောက်ပြီး ကေအိုင်အေတပ်နဲ့  တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွာသား ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကဆုန့်ဒေသမှာ ကချင်လွတ်မြောက်ရေး တပ်မတော် တပ်ရင်း ၁၁ နဲ့ အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတာပါ။

တနိုင်းဒေသဘက်မှာလည်း ကေအိုင်အေနဲ့ တပ်မတော်အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အောင်လောဒ့်ဒေသက ၂၀၀၀ လောက်ရှိတဲ့ စစ်ဘေးရှောင်တွေဟာ တောထဲ ပိတ်မိနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013