DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်း​မြေများ ပြန်​ပေးရန် ​တောင်​သူ​များ လွိုင်ကော်မြို့တွင် ဆန္ဒပြ
DVB
·
April 23, 2018
သိမ်းဆည်း​မြေများ ပြန်​ပေးရန် ​တောင်​သူ​များ လွိုင်ကော်မြို့တွင် ဆန္ဒပြ
Donate to DVB

ကယားပြည်​နယ်​က ​တောင်​သူ​လယ်​သမား​တွေက စရဖတပ်​မှူး(ငြိမ်း) ဦးထွန်း​ရွှေနဲ့ ​ဒေသကွပ်​ကဲမှု ဌာနချုပ်​(ဒကစ)က သိမ်းဆည်းထားတဲ့ ​မြေယာ​တွေကို ပြန်​လည်​ရရှိဖို့ ဒီ​နေ့ လွိုင်​​ကော်​မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်​။

၂၀၀၇နဲ့ ၂၀၀၈ ခုနှစ်​​တွေမှာ ​တောင်​သူ ၈၅ ဦး ပိုင်​ဆိုင်​တဲ့ လွိုင်​​ကော်​မြို့နယ်​ မ​ထောခူ​ကျေးရွာအုပ်​စုက ​မြေဧက ၃၅၂ ကို ​ဒေသကွပ်​ကဲမှု ဌာနချုပ်​(ဒကစ)က သိမ်းယူခဲ့တာ ဖြစ်ပါတယ်​။

ဒကစက သိမ်းယူခဲ့တဲ့ ​မြေဧက​တွေထဲက ဧက ၁၀၀ ​ကျော်​ကို စရဖတပ်​မှူး(ငြိမ်း) ဦးထွန်း​ရွှေကို ပြန်​လည်​​ရောင်းချ​ပေးပြီး ​မြေစာရင်းက ပုံစံ ၇ ထုတ်​​ပေးခဲ့တာ​ကြောင့် မူရင်း ​ဒေသခံ ​တောင်​သူ​တွေ မ​ကျေနပ်​လို့ စု​ပေါင်းပြီး ဆန္ဒပြရတာလို့ ​တောင်​သူ​တွေက ​ပြောပါတယ်​။

မြေသိမ်းဆည်းခံထားရလို့ ဆန္ဒပြ​တဲ့ ​တောင်​သူ ဦးဆို​တေးရိုက "ပြန်​​ပေးဖို့်​​ပေါ့ဗျာ။ ​မြေသိမ်းတဲ့အတွက်​​ကြောင့် လုပ်​ကိုင်​စား​သောက်​ဖို့ လယ်​ယာ​မြေ​တွေ မရှိ​တော့ဘူး။ အဲဒါနဲ့ ကျ​နော်​တို့ ငတ်​ပြတ်​နေကြတာ​ပေါ့။ သူတို့တပ်​​တွေက ကျ​နော်​တို့ကို အူခွဲ ဗိုက်​​ဖောက်​တဲ့ သ​ဘောမျိုး ဖြစ်​သွားတယ်​။ အဲဒါ​ကြောင့် ကျ​နော်​တို့ မခံမရပ်​နိုင်​လို့ ဒီက​နေ့ ဆန္ဒပြရခြင်း ဖြစ်​ပါတယ်​" လို့​ ​ပြောပါတယ်​။

ဆန္ဒပြ​တောင်​သူ​ ၄၀၀ ​လောက်​က ​တောင်​ကွဲ​စေတီ​​တော်​​ရှေ့က စတင်​ပြီး ဒကစတပ်​ သိမ်းဆည်း​မြေများ ပြန်​လည်​ရရှိ​ရေး၊ အကျင့်ပျက် ခြစား ​မြေစာရင်းများ အလိုမရှိ၊ တာဝန်​ယူမှု တာဝန်​ခံမှုမရှိ​​သော ပုဂ္ဂိုလ်​များ နုတ်​ထွက်​​ပေး​ရေးစတဲ့ ​ကြွေး​ကြော်​သံ​တွေနဲ့ လွိုင်​​ကော်​မြို့လယ်​၊ မြို့နယ်​တရားရုံး​ရှေ့၊ လွိုင်​​ကော်​မြို့နယ်​ လယ်​ယာ​မြေစီမံခန့်​ခွဲ​ရေးနဲ့ စာရင်းအင်းဦးစီးဌာနနဲ့ တခြားအစိုးရ ဌာနရုံး​ရှေ့​တွေမှာ စီတန်းလှည့်လည်​ ဆန္ဒပြခဲ့ကြပါတယ်​။

သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013