DVB Logo
Home
မြန်မာသတင်း
ငွေစက္ကူအတုများဖြင့် အကြွေးလိုက်ဆပ်နေသည့် ညီအစ်ကို ၂ ဦးကို ဖမ်းဆီး
DVB
·
April 23, 2018
ငွေစက္ကူအတုများဖြင့် အကြွေးလိုက်ဆပ်နေသည့် ညီအစ်ကို ၂ ဦးကို ဖမ်းဆီး
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှာ ၁၀၀၀ ကျပ်တန်နဲ့ ၁၀၀၀၀ တန် ငွေစက္ကူအတု တွေသုံးပြီး အကြွေးတွေလိုက်ဆပ်နေတဲ့ ညီအစ်ကို နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ဘိုကလေးမြို့နယ် ပိုက်စလ ကျေးရွာမှာနေထိုင်တဲ့ ဝေယံစိုးနဲ့ စည်သူအောင်တို့ ညီအစ်ကို ၂ ယောက်ဟာ ၁၀၀၀ တန် ငွေစက္ကူအတု ၁၆၄ ရွက်နဲ့ ၁၀၀၀၀ တန် ငွေစက္ကူအတု ၁၅ ရွက်ကို အသုံးပြုပြီး အကြွေးတွေလိုက်ဆပ်နေတာကို ဘိုကလေးမြို့မရဲစခန်းက စစ်ဆေးတွေ့ရှိခဲ့တာပါ။

ဧပြီ ၁၉ ရက် ညပိုင်းက မော်လမြိုင်ကျွန်းမြို့နယ် ကျွန်းကြားကျေးရွာမှာနေထိုင်တဲ့ မအိအိထွေး ဆိုသူ အဒေါ်ဖြစ်သူ ဘိုကလေးမြို့နယ် ပိုက်စလကျေးရွာနေ ဒေါ်ခင်အေး ကနေချေးထားတဲ့ ငွေ ၅ သိန်းကျပ်ကို ပြန်လည်ပေးဆပ်ရာမှာ မသင်္ကာဖွယ် နံပါတ်တူ ၁၀၀၀ တန် ၁၀၀ ရွက်(တစ်သိန်းကျပ်)နဲ့ နံပါတ်တူ ၁၀၀၀၀ တန် ၅ ရွက်ပါလာတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အဆင့်ဆင့်အကြောင်းကြားခဲ့ပြီး တာဝန်ရှိသူတွေက စစ်ဆေးရာမှာတော့ ငွေစက္ကူအတုတွေဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာပါ။

ဒါကြောင့် ရဲစခန်းအချင်းချင်းချိတ်ဆတ်မှုနဲ့ ဧပြီ ၂၀ ရက်နေ့က ဒေါ်ခင်အေး နေထိုင်ရာ ဘိုကလေးမြို့နယ် ပိုက်စလကျေးရွာက နေအိမ်ကို သွားရောက်ရှာဖွေရာမှာတော့ ဒေါ်ခင်အေးရဲ့ သားအငယ်ဖြစ်သူ ဝေယံစိုးကို တွေ့ရှိမေးမြန်းရာမှာတော့ အကြွေးဆပ်ခဲ့တာ မှန်ကန်ကြောင်း ကျန်ငွေအတုတွေကိုတော့ အစ်ကိုဖြစ်သူ စည်သူအောင်ကနေ ဆိုင်ကယ်ဖိုး အကြွေး ပေးချေရန်ယူသွားကြောင်း ထွက်ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က  စည်သူအောင် အကြွေးသွားဆပ်ရာ နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာမှာတော့ သူ့ရဲ့သားရေအိတ်ထဲကနေ ၁၀၀၀ တန် ငွေစက္ကူ အတု ၆၄ ရွက်နဲ့ ၁၀၀၀၀ တန်ငွေစက္ကူအတု ၁၀ ရွက် ထပ်မံတွေ့ရှိ ဖမ်းဆီးနိုင်ခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးကနေ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှူးကြီးခင်မောင်လတ် က “ပိုက်ဆံအတုတွေကို ဘယ်ကရလဲဆိုတော့ ဘိုကလေးက ညီအစ်ကိုနှစ်ယောက်ဆီကနေ အကြွေးရတယ်ဆိုတာ သိရတယ်။ မိတ္တူဆွဲစက်နဲ့ဆွဲထားတာ ပိုက်ဆံအားလုံးပေါင်းမှ နံပါတ်က နှစ်မျိုးထဲဖြစ်နေတာနဲ့ မသင်္ကာလို့ဖမ်းဆီးစစ်ဆေးရင်း ပေါ်ပေါက်တာပါ”လို့ ပြောပါတယ်။

ငွေစက္ကူအတုမှန်းသိလျှက် လက်ဝယ်ကိုင်ဆောင်သုံးစွဲခဲ့ကြတဲ့ ဝေယံစိုးနဲ့ စည်သူအောင် တို့ ၂ ဦးကိုတော့ ဘိုကလေးမြို့မရဲစခန်းကနေ (ပ)၂၀၅/၂၀၁၈ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၆ နဲ့ အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေပါတယ်။

မြမင်းဦး (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013